Jan 5, 2007

Peaceful Days...

ခုတလော အလွန်ကို ပျော်နေတယ်။ အချစ်က အလိုလိုက်ပြီး ညတိုင်းအိပ်ရေးပျက်ခံပြီး ဖုန်းဆက်ပေးတာကြောင့်ရော၊ မေမေနဲ့ ဖေဖေက သိပ်သဘောထား မတင်းမာတော့တာကြောင့်ရော၊ ဖုန်းဆက်ရင် စကားပြန်ပြောတာကြောင့်ရော၊ စတားဟပ်ဘ်က ပရိုမိုးရှင်းနဲ့ ၀ယ်ထားတဲ့ Laptopလေး ရတော့မှာမို့လို့ရော။ လကုန်ထိ လက်ထဲမှာ ပိုက်ဆံမပြတ်သွားတာကြောင့်ရော၊ 1st January မှာ တိုပါးယိုးက ဘုန်းကြီးကျောင်းမှာ နှစ်သစ်မှာ ဦးဦးဖျားဖျား ကိုယ့်ချွေးနည်းစာထဲက သွားလှူလိုက်ရတာကြောင့်ရော၊ အဲဒိဘုန်းကြီးကျောင်းကို ခုမှပဲ ရောက်ဖူးတယ်။ မောင်မယ်တူစုံမှပဲနဲ့ စောင့်နေတာနဲ့ မရောက်ဖြစ်တာ ၁ရက်နေ့ကတော့ အခန်းဖော်အမရဲ့ မွေးနေ့လည်းဖြစ်တာကြောင့် အားလုံးသွားကြရင် ကိုယ်တစ်ယောက်တည်း ကျန်ခဲ့မှာ စိုးတာကြောင့်ရော ရောက်သွားဖြစ်တာ။ ရောက်သွားတော့လည်း စိတ်ချမ်းသာလိုက်တာ။ ကျောင်းကန်ဘုရား သွားရတဲ့ စိတ်ချမ်းသာမှူမျိုးကလည်း လူမှာ တကယ်လိုအပ်တဲ့ အရာပဲ။ ရန်ကုန်မှာနေပြီး ရွှေတိဂုံကို အဝေးကြီးက လက်အုပ်ချီပြီး ကိုယ့်ဘာသာ လူမှူကိစ္စတွေနဲ့ ချာလပတ်လည်ရမ်းနေရတာကြောင့် မလာခင်တစ်ရက် မနက်လေးကျမှ အပြေးအလွှား ဘုရားသွားဖူးရသေးတာ။ ကိုယ့်စိတ်ထဲ နှလုံးသားထဲမှာ ဘုရားရှိနေရင် အိမ်ကဘုရားလည်း ဘုရားပါပဲဆိုပေမယ့် ကျောင်းကန်ဘုရားရဲ့ အရိပ်ကလည်း တကယ်ကို သိသိသာသာ အေးတာဗျ။ ရောက်သွားရင် စိတ်က အာရုံပိုရတာပေါ့ဗျာ။ သဒ္ဒါရှိပြီးသားပေမယ့် သိပ်မရင့်ကျက်သေးတော့ကာ ဘေးပတ်ဝန်းကျင်က အကူအညီလေးကိုလည်း ယူရသေးတာ။ ဒီမှာက ၀မ်းသာစရာကောင်းတာက စလုံးမိသားစုနဲ့ မနေရပဲ ကိုယ့်မြန်မာမိန်းကလေးတွေချည်းပဲ နေရတော့ အိမ်မှာလည်း အိမ်ဦးခန်းမှာ ဘုရားခန်းနဲ့ ဘာနဲ့ ခန့်ခန့်ညားညားနေရတာပေါ့ဗျာ။ အမအကြီးဆုံးက ဦးဆောင်ပြီး ဘုရားဝေယျာဝေစ္စတွေ ကို လုပ်တော့ ကိုယ်လည်း တစ်ခါထဲ နောက်ကနေပြီး လုပ်ဖြစ်သွားတယ်။ ကျေးဇုးတင်ပါတယ် မနှစ်ဆန်း။ ရန်ကုန်တုန်းက မေမေရှိတော့ သိပ်စိတ်ပါလွန်းမှ တခါတလေ လုပ်ဖြစ်တယ်။ ဒီမှာတော့ စိတ်ပျက်ရ အားငယ်ရ ဒေါသထွက်ရ အထိးကျန်ရ ၀မ်းနည်းရ စိတ်ပူရတာတွေ တစ်ယောက်ထဲ ရင်ဆိုင်ရပါများလွန်းလို့ ဘုရားနားပိုရောက်သလား မသိဘူး။ ကောင်းတာတွေ များများလုပ်ပြီး ကံမကောင်းတာကို တိုက်ထုတ်လိုက်ပါ ဆိုတဲ့ မမေဓာ့စကားလေးကိုလည်း သဘောကျလွန်းလို့ 2007 Resolution လေးလည်း အထမြောက်သွားအောင်ရော အသက်ထောက်လာတာကြောင့်ရော ဖြစ်မယ် စိတ်က နည်းနည်း အေးချမ်းနေတယ်။ ပြောတာပဲ။ ဟဲ ဟဲ

1 comment:

  1. ဖတ်ပြီးကျနော်လည်းဝမ်းသာမိပါတယ်..
    နေ့တိုင်းစိတ်ချမ်းသာနိုင်ပါစေဗျား။

    ReplyDelete