အလုပ်ပြောင်းရန် စိတ်ကူးနေပါသည်။ ယနေ့ အင်တာဗျူး သွားဖြေရမည် ဖြစ်ပါသည်။ ယခုနေသောနေရာနှင့် အလွန်ဝေးပါသည်။ ယခုလက်ရှိမှာ တစ်မှတ်တိုင်သာဝေးသောကြောင့် ခရီးစရိတ်လုံးဝ မကုန်ကျပါ။ ဂျူရောင်း ဘက်တွင် လုပ်ရမည် ဆိုလျှင် အိမ်ပြောင်းရမည် ဖြစ်ပါသည်။ ယခုလက်ရှိအိမ်တွင် လွန်စွာ အဆင်ပြေသောကြောင့် မပြောင်းချင်ပါ။ စိတ်လည်း ပူနေပါသည်။ အလုပ်ပင် ရမည် မရမည် မသေချာသေးပဲ။ မုန့်ဆီကြော်နှင့် နူတ်ခမ်းနာ ပြသနာကို အချိန်ယူ ခေါင်းစားခံနေပါသည်။ အလွန်အမင်း ကြိုတင်တွေးတော ပူပင်တတ်သူ ယောနိသော မနသီင်္ကာရ ဖြင့် မနေတတ်သူဟု ချစ်သူက ဝေဖန်ပါသည် အဝေးကြီးအလုပ်ဆင်းရမှာလည်း ပျင်းပါသည်။ Stressများတဲ့ လုပ်ငန်းခွင်ကို တွေးလည်းကြောက်ပါသည်။ အဲဒိအလုပ်ရောက်သွားရင် ခုလောက်အနေချောင်တော့မည် မဟုတ်ပါ။ သို့သော် ပိုက်ဆံလာရှာခြင်းဖြစ်သဖြင့် အနေချောင်သည် ဖြစ်စေ မချောင်သည်ဖြစ်စေ အရေးမကြီးပါ။ stable ဖြစ်ရန်သာလိုပါသည်။ ဒါဆိုရင်ရော ဘာလို့ ပြောနေသေးလဲ ထုံးစံအတိုင်း လျှာရှည်နေခြင်းသာ ဖြစ်ပါသည်။ ယခုလက်ရှိ အလုပ်တွင် တစ်ရုံးလုံးတွင် တစ်ယောက်ထဲ နေနေကျ ဖြစ်သဖြင့် စီနီယာအသစ်တစ်ယောက်ဧ်း အုပ်ချုပ်မှူ အောက်တွင် နေရမည်ကို တွေးတော ပူပင်မိပြန်ပါသည်။ မည်သို့ဆိုစေ တောင်းဆိုသော လစာနှင့် အခွင့်အရေးများ ရမည်ဆိုပါက ပြောင်းပါမည်။ ယခုအလုပ်တွင် တစ်ကောင်ထဲ ထင်တိုင်းကျဲရတာ ပျင်းလာသောကြောင့် ဖြစ်ပါသည်။ တစ်ကောင်ထဲ ထင်တိုင်းကျဲရသည်မှာ လွတ်လပ်သလောက် တာဝန်လည်း အလွန်ကြီးပါသည်။ စီနီယာတစ်ယောက်ဧ်း လက်အောက်တွင် အဆုအဆဲလေးခံပြီး ပညာသင်လေး လုပ်နေတာက ပိုသက်သာမည်ဟု ကိုယ့်ကိုကိုယ် ဖြေသိမ့်ထားလိုက်ပါသည်။ အားလုံးအဆင်ပြေပါစေ။ ရင်တွေပါခုန်နေပါသည်။ ကြောက်တတ်တာ အလကားပဲဟု တွေးသော်လည်း မကောင်းသော အကျင့်က ဖျောက်မရပါ။ ဘာမှလည်း မဟုတ်ပါပဲနှင့် အလကားနေရင်း တွေးတော ပူပင်တတ်နေသော ကိုယ့်ကိုကိုယ်ပင် မသင်္ကာဖြစ်မိပါသည်။ ရောဂါကတော့ အစပျိုးနေပြီ ထင်ပါသည်။
Mac မှ Adware များကိုဖယ်ရှားခြင်း
-
Mac ကွန်ပျူတာတွေဟာ အများအားဖြင့် security system ကောင်းမွန်အောင်
တည်ဆောက်ထားကြပါတယ်။ သို့ပေမယ့် popular ဖြစ်လာတာနဲ့အမျှ hacker တွေဟာလည်း
target ထားလြာ...
No comments:
Post a Comment