ယနေ့ စနေနေ့ ဖြစ်ပါသည်။ သို့သော် အလုပ်ဆင်းရပါသည်။ အလုပ်တွင် မည်သူမျှ မရှိပါ။ အားလုံး အရေးတကြီး ကိစ္စနှင့် အခြားရုံးခွဲသို့ သွားရမည် ဖြစ်ပါသည်။ နေမကောင်းပါ။ ကိုယ်တွေလက်တွေ အလွန်နာနေပါသည်။ မျက်လုံးတွေ ပူနေပါသည်။ လည်ချောင်းထဲတွင် ယားကျိကျိဖြစ်နေသည်မှာ သုံးလေးရက်ခန့် ရှိပါပြီ။ လုံးဝအလုပ်မလာချင်ပါ။ ယနေ့ Fire Drill လည်းရှိပါသည်။ တစ်ယောက်ထဲ ဖြစ်သဖြင့် အပြင်မထွက်တော့ ဟုစိတ်ကူးထားပါသည်။ သို့သော် နားညည်းမှာကိုတော့ ကြောက်ပါသည်။ ရန်ကုန်မှာ နေထဲက မီးသတ်ကားသံ ကြားလျှင် အလွန်စိတ်ခြောက်ခြားပါသည်။ ဖုန်းထူးရန် ရုံးတွင် Stand-by နေနေရမည် ဖြစ်ပါသည်။ စိတ်ညစ်နေပါသည်။ အိပ်ချင်ပါသည်။ အလုပ်မလုပ်ချင်ပါ။ ဆေးသောက်ပြီး အိပ်နေချင်ပါသည်။ နေမကောင်းဖြစ်မှာ ကြောက်နေပါသည်။ ဆေးကုရန် ပိုက်ဆံမရှိသောကြောင့် ဖြစ်ပါသည်။ အလုပ်တွေ အများကြီး မပြီးသေးပါ။ လုပ်ရန် စဉ်းစားလိုက်တိုင်း ခေါင်းက အရင်မူးမူးလာပါသည်။ မျက်လုံးထဲတွင် ငြိမ်းချမ်းရေး အမှတ်သင်္ကေတ ဖြစ်သော အပြာရောင် အစိမ်းရောင် များမြင်နေရသော်လည်း စိတ်မပျော်ရွှင်ပါ။ ရုံးတွင် Chicken Pox ဖြစ်နေသော လူတစ်ယောက် ရှိပါသည်။ ကူးမှာကို ကြောက်လှပါသည်။ ထိုလူ ယနေ့မှ စပြီး ရုံးမလာတော့ဟု ဆိုပါသည်။ ကျေးဇူးတင်ပါသည်။ ရောဂါကူးစက်မည်ထက် ဆေးဖိုးကုန်မှာ ကြောက်လှပါသည်။ ရခိုင်မုန့်တီ သောက်ချင်ပါသည်။ ရယ်ဒီမိတ် မုန့်ဖတ်ကို မုန်းသောကြောင့် မသောက်ဖြစ်ပါ။ မနေ့ညက ထမင်းစားသောအခါ စားမ၀င်ပဲ ပေါက်ကရတွေ လျှောက်စားသောအခါ အလွန်စားလို့ကောင်းပါသည်။ ထို့ကြောင့် မနေ့ညက ချောင်းစဆိုးပါသည်။ ငှက်ပျောသီးခြောက်ကြော် နှင့် အအေးတွေ သောက်လိုက်သောကြောင့် ဖြစ်ပါသည်။ ခေါင်းထဲတွင် တစ်စုံတစ်ယောက် တစ်ခုခုကို လာတည်ဆောက်နေဟန် တူပါသည်။ ခေါင်းထဲတွင် တစ်ယောက်ယောက်က တူနှင့်ထုနေသလို ခံစားရသောကြောင့် ဖြစ်ပါသည်။ ခေါင်းအုံးကို လျှော်လိုက်သောကြောင့် ခေါင်းအုံးဦးစရာ မရှိပါ။ ဇက်ထဲတွင် စတီးလ်ချောင်း တစ်ချောင်းလျို ထားသလို လေးနေပါသည်။ နာလည်းနာပါသည်။ ယနေ့ညတော့ ခေါင်းအုံးအသစ်ဝယ်အိပ်ပါမည်။ အိပ်ရတာ ကောင်းကောင်းမပျော်သောကြောင့် အိပ်ယာခင်း အသစ်လည်း သွားဝယ်ပါမည်။ အိမ်ကိုပိုက်ဆံ မလွှဲရသေးပါ။ ငွေဈေးတွေ အလွန်ကျနေပါသည်။ ငွေဈေးတက်ရန်မှာ ဆုတောင်းကောင်းသော အရာမဟုတ်သော်လည်း ထိုကျနေသော ငွေဈေးကြောင့် အိပ်ထဲမှ ပိုက်ဆံတွေ ပိုထွက်သွားပါသည်။ Laptop ၀ယ်မည့်ကိစ္စ နောက်ဆုတ်ထားလိုက်ပါသည်။ စတားဟပ်ဘ် ပရိုမိုးရှင်း ကိုပဲ ၂၈လစာ စာချုပ်ချုပ်လိုက်ပါတော့မည်။ လက်ငင်းတစ်ခါထဲ မပေးချင်သောကြောင့် ၂၈လကြာအကြွေးဆပ်နေရပါမည်။ စိတ်မပျော်ပါ။ ယနေ့ တစ်နာရီ ထိုးလျှင်ထိုးချင်း အိမ်ပြန်ပါမည်။ အိမ်မှာ ထမင်းမချက်ခဲ့ပါ။ ထမင်းမဟုတ်သော အလွန်ချိုသော ချောင်းဆိုးခြင်းနှင့် မသင့်တင့်သော အရာများအားလုံးကို စားချင်ပါသည်။ ရင်ထဲတွင် ပူနေသောကြောင့် အအေးကိုသာ သောက်ချင်ပါသည်။ သောက်ပြီးတိုင်း လည်ပင်းတွေပိုယားလာပါသည်။ ဆေးကိုတော့ လုံးဝမသောက်ချင်ပါ။ အိပ်ချင်ပါသည်။ အိပ်မက်မက်သော အခါ ဆက်သွယ်မှူ ဧရိယာပြင်ပသို့ လိုက်သွားပါမည်။ သူကြိုက်တတ်သော စာရေးဆရာများဧ။် စာများကို လျှောက်ဖတ်ပြီး ထင်သလိုတွေ လျှောက်ရေးလိုက်ပါသည်။ အဓိကမှာ စိတ်ဓာတ်များ လေးလံထိုင်းမှိုင်းပြီး ပျင်းရိငြီးငွေ့ အိပ်ချင်ခြင်းကို ဖော်ပြလိုရင်းဖြစ်ပါသည်။ ထို့ကြောင့် ယခုရေးသားဟန်မှာ တစ်စုံတစ်ယောက်ဧ။် ရေးသားဟန်ကို ကူးချသည်ဟု ပြောလာလျှင် ထိုပြောဆိုချက်မှာ ချွင်းချက်မရှိ မှန်ကန်ပါသည်။ ပြီးပါပြီ။
Mac မှ Adware များကိုဖယ်ရှားခြင်း
-
Mac ကွန်ပျူတာတွေဟာ အများအားဖြင့် security system ကောင်းမွန်အောင်
တည်ဆောက်ထားကြပါတယ်။ သို့ပေမယ့် popular ဖြစ်လာတာနဲ့အမျှ hacker တွေဟာလည်း
target ထားလြာ...
ရာသီဥတု မကောင်းလို့လားမသိဘူး။ နေမကောင်းတွေ အရမ်းဖြစ်ကြတယ်။ take care sis :)
ReplyDeleteကျေးဇူးမမေ
ReplyDeleteအိရေ ..
ReplyDeleteချောင်းဆိုးနေရင် အအေးမသောက်နဲ့ ..
ရေနွေး သောက်ပါလား။ လဖက်ခြောက်လေးခပ်ပြီး ရေနွေးကြမ်းလေး သောက်ချင်လဲ သောက်လေ။
အဲဒါဆို လည်ချောင်းယား သက်သာတယ်။ ရေနွေးကြမ်းက အပူဆိုပေမဲ့ ရင်မပူဘူးလေ။ အအေးတွေက ခဏပဲအေးပြီး ရင်ပူတယ်။ မမေဆို ရေနွေးကြမ်းကို ဓာတ်ဘူးနဲ့ထည့်ပြီး တခွက်ပီးတခွက်သောက်နေတာ။
အဲလို သောက်ရင် ချွေးထွက်ပြီး ဖျားချင်နေတာပါ သက်သာသွားလိမ့်မယ်။
အစာ တခုခု စားပြီး ဆေးလဲ သောက်အုံးနော် … ။
ဟုတ်ကဲ့ မမေ။ ရေနွေးကြမ်းပဲ သောက်တော့မယ်။ အအေးကို သောက်ချင်ပေမယ့် ဆက်မသောက်နိုင်တော့ဘူး။ ကျေးဇူးတင်ပါတယ် မမေ။
ReplyDelete