Dec 13, 2006

Tired of being myself!

တခါတခါ လူဖြစ်ရတာ စိတ်ကုန်တယ်။ အားလုံး ဖြစ်စေချင်တာတွေကို အကုန် လိုက်မလုပ်ပေးနိုင်တာကို ဘယ်လိုလုပ်မလဲ။ အချစ်ခံရတာ ကောင်းပါတယ်။ ဒါပေမယ့် ချစ်လွန်းလို့ ဟိုလိုစိတ်ပူ ဒီလိုစိတ်ပူ ဟိုဟာဖြစ်စေချင် ဒီဟာဖြစ်စေချင် အမိန့်တွေပေး လိုက်မလုပ်ပေးနိုင်တာနဲ့ စိတ်တွေဆိုး ဂဂျီဂဂျောင်ကျ ဘယ်လိုလုပ်မလဲ။ ဘာတွေမှ မကြောင့်ကြပါနဲ့။ ဖြစ်သလို အေးအေးပဲ အသက်ရှင်ပါရစေ။ ဖြစ်စေချင်သလိုတွေ အစွမ်းကုန် လုပ်ပေးနေပါတယ်။ ဘာမှမပူပင် မကြောင့်ကြပါနဲ့။ ခလုပ်တွေလဲ အရမ်းမနှိပ်ပါနဲ့။ တချို့ကိစ္စတွေ ချက်ချင်းထလုပ်ပေးလို့ ရပေမယ့်။ တချို့ကိစ္စတွေက ကိုယ်လဲမတတ်နိုင်လို့ပါ။ ကိုယ့်အတွက်နဲ့ ဘယ်သူကိုမှ စိတ်ရော လူရော မပင်ပန်းစေချင်တာ တကယ်ပါ။ အထူးသဖြင့် မိဘတွေကို ဘာဆိုဘာအတွက်နဲ့မှ ဒုက္ခမများစေချင်ဘူး။ ဒီပစ္စည်းတွေကို ပို့ဖို့အတွက်နဲ့ မိဘတွေကို အလုပ်မများစေချင်လို့ပါ။ ကူညီပေးမယ့်သူရဲ့ အကူအညီလည်း လက်မခံချင်ရင် ထားလိုက်ပါ။ ကိုယ်ဘာမှဒီကနေ မတတ်နိုင်ဘူး။ ကိုယ်ဖြစ်သလို နေလို့ရတယ်။ ဒီလူကြုံ ပစ္စည်းမရလို့ ဒီဆေးမသောက်ရလို့ ချက်ချင်းလည်း မသေပါဘူး။ သေချင်လည်း သေပစေ။ နားညည်းတော့ မခံချင်ဘူး။ စိတ်ရှုပ်တော့ မခံချင်ဘူး။ စိတ်တွေ ပင်ပန်းလွန်းလို့ စကားပြောရင်း စိတ်မပင်ပန်းချင်ဘူး။ ရန်မဖြစ်ချင်ဘူး။ ရန်စကားပြောရမယ့် အစား မပြောကြတာပိုကောင်းမယ်။ ကိုယ်လုပ်ပေးနိုင်တာ အကုန်စွမ်းဆောင် ပေးထားတယ်။ ကိုယ်ဟာ လူညံ့ပါ။ ဘာမှ သိပ်အဖြစ်မရှိတဲ့ လူညံ့ပါ။ ဒါကြောင့် ကိုယ့်ကို သိပ်လည်း စိတ်မပူပါနဲ့။ သိပ်လည်းမတောင်းဆိုပါနဲ့။ စိတ်ရော လူရော ပင်ပန်းလွန်းလို့ပါ။

No comments:

Post a Comment