Dec 13, 2006

To my dearest sis!

လှရေ ငါစိတ်မကောင်းပါဘူး။ ခုတလော ငါတို့ ညီအမနှစ်ယောက်လည်း ဘာတွေ ဖြစ်နေမှန်းကို မသိပါဘူး။ အဓိက ကတော့ ငါပါပဲ။ စိတ်မကောင်းပါဘူး။ နင့်မှာဘာတွေ စိတ်ညစ်စရာတွေ ရှိနေမှန်း မသိဘူး။ နင့်ကို စိတ်ညစ်စေတဲ့ အထဲမှာ ငါလည်း ပါတယ်လေ။ခုတလော ငါလည်း စိတ်ရော လူရော တကယ်ပင်ပန်းနေလို့ စိတ်နဲ့လူနဲ့ မကပ်အောင် လေနေလို့ပါ။ မရည်ရွယ်ပဲနဲ့ ဖုန်းဆက်တုန်းက ရန်စကားပြောမိတယ်။ ငါတကယ် စိတ်မကောင်းပါဘူး။ ခဏ အားလုံးကို လွှတ်ချပြီး အနားယူလိုက်ပါ။ ငါ့အတွက်လည်း မပူပါနဲ့။ဘယ်သူ့ အတွက်နဲ့မှလည်း စိတ်ထပ်အပင်ပန်း မခံပါနဲ့။ အားလုံးကို ခဏ လွှတ်ချလိုက်ပြီးကိုယ့်ကိုကိုယ်ပဲ ခဏပြန်ကြည့်နေလိုက်ပါ။တရားပြန်နာဟာ။ စိတ်တွေ ဒီလောက် ပင်ပန်းနေတာ ဒီနည်းပဲ ရှိတော့တယ်။ ဒီလောက် ဇယားရှူပ်တဲ့ လောကကြီးထဲမှာ နေမှတော့ တခါတလေလည်း ဒီလိုအဖြစ်မျိုးက ရှောင်မလွတ်အောင် ရှိနေမှာပဲဟာ။ ပြေးမထွက်နိုင်သေးတော့လည်း နေသာအောင် ခဏနေလိုက်ပါ။စာမေးပွဲ ဖြေနေတုန်း ပင်ပန်းနေတုန်း ထပ်ပြီးစိတ်ညစ်အောင် လုပ်မိတာ တကယ်ကို စိတ်မကောင်းပါဘူး။ စာမေးပွဲပြီးတာနဲ့ သွားစရာရှိတာသွားပါ။ ခဏနားလိုက်ပါ။ စိတ်ကိုခဏ အနားပေးလိုက်ပါ။ တကယ်တော့ ငါတို့မေ့နေလို့ပါ။ ဘာပြသနာနဲ့ ပဲ ကြုံကြုံ ဘာမှအရေးမကြီးပါဘူး ဆိုတာ သိဖို့က အရေးအကြီးဆုံးပဲလေဟာ နင်ကငါ့ထက်ပို စိတ်ဓာတ်ရင့်ကျက်ပါတယ်။ တရားလည်းသိပါတယ်။ ခဏလေးနားလိုက်နော်။ ဘယ်မီးမှ ကိုယ်မပွေ့ထားရင် ပူအောင်လုပ်လို့ မရပါဘူး။ လွတ်လွတ်မှာသာ ခဏနေလိုက်ပါ။ ဒီလောက် စိတ်ပင်ပန်း ဆင်းရဲနေရတာ လူဖြစ်လည်းရှူံးပါတယ်။ လောကကြီးက သူဖြစ်ချင်သလို လျှောက်ဖြစ်နေတာပါပဲ ကိုယ်က ဓားခုတ်ရာ လက်ဝင်ဝင် လျှိုမိလို့ စိတ်ဆင်းရဲ သောကတွေနဲ့ အမြဲနပန်းလုံးနေရတာ။ ခဏလွတ်အောင် နေကြစို့။ ဘာပြသနာပဲဖြစ်ဖြစ် နောက်မှ ရှင်းကြစို့နော်။ မျိုးကြီးသီချင်းလေး နင့်အတွက် တင်ပေးမလို့ သီချင်းမရှိသေးလို့ သီချင်းတော့ ဒီကပဲ သွားနားထောင်လိုက်ဟာ။

အချိန်မီသာ ပြင်ဆင်ခွင့် မရှိခဲ့ရင်…

နင်ရယ် ငါရယ် အခုတလောထဲ

အဆင်မပြေတာတွေ သိပ်များတယ်။

စကားလေး တစ်ခွန်းမှ

အထအန ကောက်တာ ခဏခဏပဲ

ငါဟာ အဖြူဆို နင်က အမည်း

ဘာမဆို တိုင်ပင်လိုက်တိုင်းပဲ

အကြောင်းမရှိ အကြောင်းရှာ

ငါ့ရဲ့အပြစ်သာ နင်မြင်နေခဲ့တယ်။

တခုခုတော့ မှားနေပြီ။

တို့နှစ်ယောက်ရဲ့ အခုလက်ရှိ မှားဆဲ …

အချိန်မီသာ ပြင်ဆင်ခွင့် မရှိခဲ့ရင်

ဒါသွားပြီ သွားပြီ သွားပြီ။

အချိန်မီသာ ပြင်ဆင်ခွင့် မရှိခဲ့ရင်

ဒါဝေးပြီ ဝေးပြီ ဝေးပြီ တစ်သက်လုံးဝေးနိုင်သည်။

အရင်အချိန်တွေကို ငါနှမျောတယ်

အရင်လို ရင်မှာ ခံစားချက်

ကြိုးစားခွင့်ရှိရင် ပြန်လိုချင်မိ

ငါ့ဘက်က တတ်နိုင်သမျှ

လျော့နိုင်ဖို့ စဉ်းစားထား

ငါ့ဘက်က ပေးနိုင်သမျှ

ပေးဖို့အတွက် ငါဆုံးဖြတ်ထားရင်းက…

No comments:

Post a Comment