ထန်းရေ(ထရေ)မူးလို့ ကျွဲခိုးပေါ်တဲ့။ ကိုယ့်ကိုကိုယ် ဖော်ကောင်လုပ်လိုက်ဦးမှ။ ဟ ဟ ကျွန်တော် အရက်မသောက်ပါဘူးခင်ဗျ။ ဒီနေ့ အလုပ်အရမ်းများနေလို့ ဘယ်သူမှ ထမင်းထွက်မ၀ယ်ပေးကြဘူး။ သူဌေးကလည်း ဘာမှ မစားဘူး။ သူနဲ့ ကိုယ်နဲ့ နှစ်ယောက်ထဲ ရှိတာ။ ကိုယ်က မနက်စာစားထားသေးတယ်။ သူ့ကြည့်ရတာ ဘာမှလည်း စားပုံမရဘူး။ ဒါနဲ့တောင်မှ အိနြေ္ဒရနေတော့လည်း ကိုယ်လည်း ခပ်တည်တည်နဲ့ပဲ နေနေရတာပေါ့လေ။ ဗိုက်ဆာလိုက် ဘီစကစ်တွေ ထိုးထည့်လိုက် သကြားလုံးတွေ မျိုချလိုက်နဲ့ နေတာပေါ့။ ညနေလေးနာရီ ထိုးမှ သူက ပြန်တော့မယ်တဲ့။ အဲဒိတော့မှ မကန်းလည်း မစားရသေးပါလားဆိုတာ သတိရပုံရတယ်။ ခဏလိုက်ခဲ့ ၀ယ်ပြီး ရုံးရှေ့မှာ ပြန်ချပေးခဲ့မယ်တဲ့။ အိုကေပေါ့။ သူကအချိန်မရလို့ ပျာယာပျာယာ လုပ်နေတော့ ကိုယ်လည်း မြန်မြန်ဝယ်ရတာပေါ့။ တော်ကြာ စိတ်မရှည်လို့ နင့်ဘာသာနင်နေခဲ့တော့ ဆိုရင် ပိုက်ဆံလည်းကုန်မယ်။ ရုံးထိအောင်လည်း လမ်းလျှောက်ပြန်ရမှာ စိုးလို့ တွေ့တာတွေ လက်ညှိုးထိုးပြီး မြန်မြန်ဝယ်ရတယ်။ အအေးဝယ်ဦးမှ ဆိုပြီး သံပုရာရည် လိုက်ရှာတာ မတွေ့တာနဲ့ သံပုရာရည်လို့ ယူဆရတဲ့ ဗိုက်တာမင်စီ ဘာညာရေးထားတဲ့ ဗူးလေးကောက်ဆွဲပြီး မြန်မြန်ကန်တင်းထဲက ထွက်လာတာပေါ့။ ရုံးရောက်မှ မချိုဘူးဗျာ လုံးဝ။ ဟဘာဂျီးတုန်းပေါ့လေ။ သေသေချာချာကြည့်မှ Shandyတဲ့။ ဟ ဟ။ ဒါဆို ဒါဂျီးဂ အရက်တစ်မျိုးပေါ့။ သေဟ။ အဲဒါနဲ့ စမ်းကြည့်ချင်လိုက်တာလည်း အူတွေရော လက်တွေရောယားနေတာနဲ့ နှစ်ငုံလောက်သောက်လိုက်တယ် ။ တော်တော်လေးကို အာသွက်လျှာသွက် ဖြစ်လာတာ။ ဟ ဟ ။ ဒါတောင် နှစ်ငုံပဲ ရှိသေးတယ်။ ကျန်တာတွေတော့ ဆက်သောက်မိမစိုးလို့ သွန်ကိုပစ်လိုက်ရတယ်။ မွှေးမွှေးလေးနဲ့ မချိုပေမယ့် သောက်လို့တော့ မဆိုးပါဘူး။ အင်း သီလတစ်ပါးတော့ 3% လောက် ကျိုးပဟလို့ ပြီးမှ နောင်တကရတယ်။ လူမိုက်နောက်မှ နောင်တရ ဆိုတာဒါမျိုးပဲနေမယ်။ အိမ်ပြန်ဦးမှ အလုပ်လည်း ဆက်မလုပ်ချင်တော့ဘူး။ အူလည်းတော်တော့ကို ရွှုင်နေတယ်။ စာတော့ ခုလောက်ထိ ရိုက်လို့ရသေးတော့ သိပ်အမူးကြီးတော့ မဟုတ်သေးဘူး ထင်ရတာပဲ။ မျက်နှာတွေရော နားရွက်တွေရော ပူထူနေတယ်။ ကိုယ့်ကိုကိုယ်လည်း တော်တော်ရယ်ချင်နေတယ်။ အူရွှင်နေတာပေါ့လေ။ အင်းအရက်သမား အမှားတစ်ထောင်တဲ့ မြန်မြန်အိမ်ပြန်အိပ်မှပါ။
Mac မှ Adware များကိုဖယ်ရှားခြင်း
-
Mac ကွန်ပျူတာတွေဟာ အများအားဖြင့် security system ကောင်းမွန်အောင်
တည်ဆောက်ထားကြပါတယ်။ သို့ပေမယ့် popular ဖြစ်လာတာနဲ့အမျှ hacker တွေဟာလည်း
target ထားလြာ...
အိရေ ..
ReplyDeleteတော်ကြာ ဟိုစကားပုံလို ဖြစ်နေအုံးမယ်နော် …
ဘာတဲ့ … ‘ကောင်းမှန်းသိ သာအိ တစိုစို’ ဆိုလားပဲ။
နောက်လဲ မှားချင်ယောင်ဆောင်ပြီး ၀ယ်ဝယ်သောက် မနေနဲ့နော်… :P
ဟား ဟား ဟား မလုပ်ပါဘူးဗျာ။
ReplyDeleteဟဟား- ဖြစ်မှဖြစ်ရလေ မအိရယ်- ခုတော့ အရသာတွေသိကုန်ပြီပေါ့- ဟိဟိ။
ReplyDeleteမမေဓာဝီပြောသလို ခဏခဏမှားချင်ယောင်တော့ မဆောင်နဲ့နော်။
မှားတဲ့အချိန်ကျတော့လဲ ဘလော့ခ်လေးထဲ လာရေးပေါ့.. :P (စတာ)
မရေးတော့ဘူး။ အသေခံသွားမယ်။
ReplyDeleteပိုတာလေးကို ဘာလို့ သွန်လိုက်ရတာလဲ အဲဒါမျိုးဆိုရင် ကိုစစ် အိမ်တို့ ကို ရန်အောင် တို့ က ကြိုက်မှ ကြိုက် ဟ
ReplyDelete