Dec 21, 2006

Self Pity :P

အလုပ်ကများ အိပ်လည်းငိုက် ပင်ကပင်ပန်း ဒီကြားထဲ တစ်ယောက်သောသူကိုက လွမ်း၊ ရောဂါ ရောဂါ ကယ်ကြဘာ။ ဘယ်သူမှ မသနားမှာလည်း ကြိုသိနေလို့ ကိုယ့်ဘာသာကိုယ်ပဲ တအား သနားပလိုက်တယ်။ သနားစရာကောင်းသော အိ။ လွန်စွာပင်ပန်းရှာသော အိ။ ရည်းစားနဲ့ အဝေးဂျီးမှာ နေရပြီး ဖုန်းကို အိပ်ရေးပျက်ခံ ပြောရသော အိ။ အလွန်ခိုင်းတတ်သော သူဌေးဧ။် လက်အောက်တွင် အမှူထမ်းရသော အိ။ ထမင်းကို နပ်မှန်အောင် စားဖို့ပင် ပျင်းနေရှာသော အိ။ အချိုရည် အသောက်များလို့ ချောင်းဆိုးနေရှာသော အိ။ မီးပူမတိုက်ရသေးသဖြင့် တစ်ထည်ချင်း တိုက်ဝတ်နေရရှာသော အိ။ မနက်အစောကြီး ထရရှာသော အိ။ ညနက်ထိ ရုံးအလုပ်တွေ အိမ်ကို သယ်ပြီး လုပ်ရရှာသော အိ။ X’mas ကို သူမအားသောကြောင့် ဘယ်မှ မသွားရရှာသော အိ။ အော် သနားစရာလေးဘာလားနော်။ ဟား ဟား ဟား။

No comments:

Post a Comment