ခုတလော ပိုစ့်အသစ် မရေးချင်အောင်ကို ကိုယ့်ဘာသာကိုယ် စိတ်တွေလေနေတယ်။ မေမေငိုရလောက်အောင် စိတ်ဆင်းရဲအောင် လုပ်မိတာအတွက် ၀မ်းနည်းတယ်။ မေမေနဲ့ ဖေဖေရေးထားတဲ့ စာရှည်ကြီးကို အခေါက်ပေါင်း များစွာဖတ်ပြီးပါပြီ။ တစ်ဘ၀လုံး သူများစိတ်ကြိုက်တွေပဲ လုပ်ခဲ့ပါတယ်။ ဒီစိတ်ကူးယဉ် အိပ်မက်ဟာ တစ်သက်လုံး မျှော်လင့်ပြီး မက်ခဲ့ရတဲ့ အိပ်မက်မို့လို့ ဒါလေးကိုတော့ ခွင့်လွှတ်နားလည်ပေးပါ မေမေ။ ပထမဦးဆုံး စိတ်ဝင်စားခဲ့ရတဲ့ လူတစ်ယောက်၊ တစ်ဘ၀လုံး မျှော်လင့်ခဲ့ရတဲ့ အိပ်မက်၊ မဖြစ်နိုင်တော့ပါဘူးလို့ အကြိမ်ကြိမ် စိတ်ပျက်အားလျော့ အကြိမ်ကြိမ်ထပ်မျှော်လင့်မိနဲ့ စိတ်ထဲက ဘယ်တုန်းကမှ ထွက်မသွားတဲ့ လူတစ်ယောက် ဆန့်ကျင်ဘက် လူတစ်ယောက်ကို စစိတ်ဝင်စားတတ်တဲ့ အရွယ်ထဲက ဒီလူအပေါ်ကို ဘယ်လို သဘောထားရှိခဲ့တယ် သမီးရဲ့မေမေ အသိဆုံးဖြစ်ခဲ့မှာပါ။ ပင်ပန်းဆင်းရဲပါစေတော့ မေမေ။ ဒီဘ၀နဲ့ပဲ တန်တယ်လို့ ပြောပြီး စိတ်သာ ဆိုးချင်ဆိုးလိုက်ပါ။ ဒေါသသာထွက်လိုက်ပါ။ ဒီလို စိတ်ဆင်းရဲရတဲ့အတွက် လူ့သက်တမ်းထဲက လျော့မယ်ဆို သမီးဘ၀ သက်တမ်းထဲကပဲ လျော့ချင်ပါတယ်။ သမီးလို လူမိုက်အတွက်တော့ မငိုပါနဲ့မေမေ။ ပျော်တဲ့ ခံစားချက်နဲ့ အပြစ်ရှိခံစားချက် နှစ်ခုကြားမှာ ရူးရတော့မှာ မို့လို့ပါ။ မေမေတို့နဲ့ နည်းနည်း ကတောက်ကဆ ဖြစ်ပြီးလမ်းထွက်မိရင်တောင် ကံဆိုးတတ်တယ် အဆင်မပြေတာ တစ်ခုခုဖြစ်တတ်တယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ တစ်သက်လုံးနေလာခဲ့တာပါ။ မေမေ့ကို မျက်ရည်ကျရ လောက်အောင်ထိ စိတ်ဆင်းရဲအောင် လုပ်မိတဲ့ အတွက် သမီးလဲ စိတ်အေးချမ်းသာ ရှိမနေပါဘူး။ အပြစ်ရှိတဲ့ ခံစားချက်ကြီးနဲ့ ဒီလိုပဲ နေ့တိုင်းအသက်ရှင်နေရပါတယ်။ ဒါပေမယ့် ဒီရွေးချယ်မှူအတွက် မိဘမကြိုက်တာကို လုပ်မိတဲ့အတွက် ကံဆိုးတော့မယ်ဆိုတာလဲ ခံစားမိပါတယ်။ ဒါပေမယ့် ဒီလမ်းကိုပဲ ဆက်လျှောက်ချင်ပါတယ်။ မေမေတို့ ကျေနပ်လက်ခံနိုင်မယ့် အခြေအနေ တစ်ခုထိဖန်တီးပြီးမှ မေမေတို့ စိတ်ကြိုက်ပုံစံ အနေအထားမျိုး ဖြစ်လာတဲ့ တချိန်ထိ သမီးတို့ ကြိုးစားပြီးမှ မေမေတို့ဆီကို ပြန်လာခဲ့ပါမယ်။
Mac မှ Adware များကိုဖယ်ရှားခြင်း
-
Mac ကွန်ပျူတာတွေဟာ အများအားဖြင့် security system ကောင်းမွန်အောင်
တည်ဆောက်ထားကြပါတယ်။ သို့ပေမယ့် popular ဖြစ်လာတာနဲ့အမျှ hacker တွေဟာလည်း
target ထားလြာ...
နားလည်ပေးနိုင်လောက်တဲ့ စကားတွေ နဲ့ ရအောင်ပြောကြည့်ပါလား။ ဘာပဲဖြစ်ဖြစ် အကောင်းဆုံးကိုတော့ ရအောင်လုပ်ကြည့်ပေါ့။ အကြံဥာဏ်ပေးကြည့်တာပါ။ မှားရင်လည်း ခွင့်လွှတ်ပါဗျာ။
ReplyDeleteကျေးဇူးတင်ပါတယ် ကိုမျိုးကျော်ထွန်းရေ ဘာပဲဖြစ်ဖြစ် အချိန်တော့ယူရဦးမှာပါပဲ။ ငါးပါးသီလကို မငြိစွန်းသရွေ့တော့ အိလျှောက်ချင်တဲ့ လမ်းကို ဆက်လျှောက်မှာပါပဲ။ မိဘကို စိတ်ညစ်အောင်လုပ်မိတာက လည်းငရဲတော့ ကြီးမှာပါပဲ။ ရှေ့အနာဂတ်မှာ ဆင်းရဲပင်ပန်းမှာထက် ခုလောလောဆယ် အပြစ်ရှိ ခံစားချက်က ပိုအခံရခက်တယ်။ ဒါလည်း စမ်းသပ်ချက်တစ်ခုပေါ့လေ။ ဒါတွေ ရင်ဆိုင်ဖို့ ခံနိုင်ရည်ရှိမှ မရေရာသေးတဲ့ ရှေ့အနာဂတ်အတွက် ပြင်ဆင်ပြီးသား ဖြစ်သွားတာပေါ့။ ဟဲ ဟဲ
ReplyDeleteLOVE IS BLIND. I have never believed that statement in my life. Now I kind of believe that because of you. You are a blind now. You are really overwhelmed by your emotions. It's like typical Burmese movies where parents are villains while a young couple is hero of love. I don’t want to say but that’s all what I can think of. “BULL SHIT”
ReplyDelete