Nov 30, 2006

How to access a man?

ခုတလော ဘာတွေဘယ်လိုဖြစ်နေမှန်းကို မသိတော့ပါဘူး။ ငါ့ကိုငါ့လည်း စိတ်ဓာတ်တွေက ပုံပြီးတော့ကို ကျနေပြီ လို့်သာ အာခေါင်ခြစ်ပြီးတော့သာ အော်လိုက်ချင်တော့တာ။ လူတစ်ယောက်ကို ဘယ်လိုစံနှူန်းသက်မှတ်ချက်တွေနဲ့ တိုင်းတာအကဲဖြတ်မှာလဲ။ သူရဲ့လက်ရှိ Status လား။ သူ့ရဲ့ Image လား။ သူ့ရဲ့ Appearance လား။ သူ့စိတ်ဓာတ်တန်ဖိုးလား။ အရက်သောက်တတ်တာ ဆေးလိပ် သောက်တာ ကောင်းတယ်လို့ မပြောလိုပါဘူး။ ဒါပေမယ့် သူဘယ်လို စိတ်ထားနဲ့ သောက်နေတာလဲ။ သူစိတ်ဓာတ်ဘယ်လို အဆင့်အတန်းရှိသလဲ ဆိုတာလဲ ထည့်စဉ်းစားသင့်တာပေါ့နော်။ စိတ်ညစ်လို့ ထွက်ပေါက်ရှာပြီး ပျော့ညံ့ညံ့ အရက်သောက်တတ်တဲ့ ကောင်မျိုးဟုတ်လားမဟုတ်လား ဆိုတာလဲ ရှိသေးတယ်လေ။ သူစိတ်နေသဘောထား ဘယ်လိုလူစားဆိုတာ ခုလက်ရှိ အဆင်ပြေတာ မပြေသေးတာအပြင် ထည့်သွင်းစဉ်းစားရမယ့် အချက်တွေပဲ မဟုတ်ဘူးလား။

No comments:

Post a Comment