Dec 6, 2006

A bitter-sweet apple or Unknown time bomb!

အချစ်ဆိုတာကြီးကို ပန်းသီးနဲ့ တင်စားပြီးပြောတတ်ကြတယ်။ ပန်းသီးဆိုတာမျိုးကို ချိုတယ်လို့ အားလုံးက သက်မှတ်ထားကြတာလေ။ တခါတခါ ကျတော့ အဲဒိပန်းသီးချိုချိုက ခါးချင်လည်း ခါးသွားတတ်တာနော်။ ကာယကံရှင်တွေရဲ့ ပယောဂကြောင့် ဖြစ်နိုင်သလို တခြားတခြားကြားလူတွေ ကြောင့်လည်း အဲဒိပန်းသီးက ဘယ်အချိန်ထပေါက်ကွဲမယ် မသိတဲ့ Time Bomb တစ်လုံးကို ကိုင်ထားရသလို ဖြစ်ချင်ဖြစ်သွားတတ်တာနော်။ လွှတ်မှမချရက်တော့လည်း ချိုတလှည့် ခါးတလှည့်၊ စိတ်ပျက်လိုက် ပျော်လိုက်၊ ရယ်လိုက် ငိုလိုက်၊ ကြည်နူးလိုက် စိတ်နှလုံးတွေ ပူလောင်နောက်ကျိလိုက်၊ အောက်ခြေလွတ်အောင် ဘ၀င်တွေမြင့်လိုက် အပြစ်ရှိ ခံစားချက်ကြီးနဲ့ ကြေကွဲလိုက် ဒီသံသရာကြီးထဲမှာ ဆက်နေရုံပေါ့လေ။

No comments:

Post a Comment