Nov 7, 2006

My poor eyes & Stingy Moon!

ခုတလောရန်ကုန်တုန်းကမေမေနဲ့လသာတဲ့ညတွေ

လမ်းလျှောက်ရတာသတိရနေတယ်။ရန်ကုန်တုန်းကမိုးပေါ်မော့ကြည့်ရင်

ကြယ်တွေလဲအများကြီးမြင်ရတယ်ဒီမှာကောင်းကင်နီနီကြီးနဲ့ဘာကြယ်မှလဲမမြင်ရဘူး။

လအရောင်ကလဲနီကျင်ကျင်နဲ့။ရန်ကုန်မှာလပြည့်ညဦးပိုင်းတွေဆိုလိမ္မော်ရောင်လကိုမြင်ရပေမယ့်

ခဏနေရင်အေးချမ်းတဲ့အဖြူရောင်ပါပဲ။ဒီကလကဘယ့်နှယ့်ကြောင့်နီကျင်ကျင်

ဝါကြောင်ကြောင်ကြီးပါလိမ့်နော်။ပြီးတော့မျက်စေ့ကလဲမကောင်းတော့ဘူး။

အဝေးကြီးကဘာကြည့်ကြည့်နှစ်ထပ်ဖြစ်နေတာ၊လမင်းကိုမော့ကြည့်လဲစက်ဝိုင်းတစ်ခုထဲမဟုတ်ဘူး။

ပြူးပြဲကြည့်လဲဝေတေတေ၀ါးတားတားဟိုဘက်ကိုချော်ထွက်သွားလိုက်ဒီဘက်ကိုချော်ထွက်သွားလိုက်နဲ့။

ကပ်စေးနည်းတဲ့လမင်းကြီးမျက်လုံးလေးနဲ့ကြည့်တာတောင်သေချာပြတ်ပြတ်သားသားမြင်ခွင့်မပေးဘူး။

ရေထဲကလရိပ်ကိုလည်းမဖမ်းပါဘူး၊ရွှေလင်ပန်းနဲ့ထမင်းဆီဆမ်းလဲမတောင်းရပါဘူး။

မျက်လုံးလေးနဲ့ကြည့်တာတောင်မကြည်ဖြူချင်ဘူး။

ငယ်ငယ်တုန်းကအိမ်နဲ့အဝေးကြီးခရီးထွက်တဲ့အခါတနေ့လုံးတော့ပေတေနေအောင်

ဆော့ပြီးညမိုးချူပ်လာရင်ကိုယ့်အိမ်ပဲကိုယ်ပြန်ချင်လာရောလမင်းကြီးကိုမော့ကြည့်ပြီး

ဒီကလှမ်းခုန်တက်လိုက်ပြီးလပေါ်မှာလမ်းနည်းနည်းလျှောက်လိုက်လမင်းကသေးတဲ့အခါကျတော့

နည်းနည်းလေးလျှောက်လိုက်ပြီးရင်အိမ်နားရောက်မှခုန်ချလိုက်မယ်အဲလိုလုပ်လို့ရရင်

ကောင်းမယ်နဲ့တွေးဖူးတယ်။တန်တော့ဂေါက်တောက်တောက်ဖြစ်နေတာငယ်ငယ်ထဲကပဲကိုး

ခုလဲလမင်းပေါ်ကိုခုန်တက်ပြီးအိမ်နားရောက်မှပြန်ခုန်ချလိုက်ရင်ကောင်းမလားနဲ့

ကြောင်တောင်တောင်တွေးတုန်းလူဆိုတာကလဲခက်တော့ခက်တယ်ရန်ကုန်တုန်းကမီးပျက်လွန်းလို့

စိတ်ပျက်ရတယ်ဒီမှာတော့ခဏလောက်မီးပျက်သွားရင်ကောင်းတောင်းတောင်းပဲ

လသာတဲ့ခုလိုညတွေပြောပါတယ်။လရောင်အောက်မှာခဏလောက်ပြန်နေချင်လို့ပါ။

လင်းလွန်းတဲ့မီးရောင်တွေကြောင့်လမင်းကစိတ်ဆိုးပြီးအနီရောင်ပြောင်းသွားလေသလားမသိဘူးနော်။

မိတ်ဆွေအပေါင်းအသင်းများWoodbridge မှာတစ်နေရာယူထားပေးကြပါဗျိုး။

No comments:

Post a Comment