ညဖြစ်နေလို့ပဲ
မှောင်ပါတယ်
အဲဒိအမှောင်ထုကြောင့်ပဲ
ဘာရယ်ညာရယ်
သေချာမသိရမမြင်ရ
မကြားရမတွေ့ရတာပေါ့။
အဲဒိအမှောင်ထုကပဲ
ကြောက်တတ်တဲ့သူကို
ပိုခြောက်တယ်။
စိတ်ပူတတ်တဲ့သူဆို
ပိုနှောက်တယ်။
ထားပါလေ
ညပြီးရင်တော့
လင်းတဲ့နေ့ရှိဦးမှာပါ
လောလောဆယ်
မှောင်တုန်းတော့
မေ့နေအောင်
အိပ်မက်ဆိုးပဲမက်မက်
ခြောက်အိပ်မက်ပဲမက်မက်
တရေးပြီးတရေး
ကြိုးစားအိပ်နေတာကပဲ
ရွေးစရာမရှိတဲ့
တခုတည်းသောနည်းလမ်း
ဖြစ်နေတော့လဲ
အိပ်နေရုံပေါ့လေ
ဒီတခါနိုးရင်သာ
မိုးအလင်းနဲ့တိုးပါရစေတော့…
ည... အိပ်မက်ထဲမှာလမ်းလျှောက်
ReplyDeleteလမ်းပျောက်နေတဲ့သူလို
ရင်ဗလာဆူဝေပွက်
အတိတ်အိပ်မက်ဆိုးကိုမက်ရင်း
မလှပတဲ့ အနာဂါတ်ကို
မင်း ဆက်လျှောက်လိုက်ပါ။
ည... အမှန်က ညဆိုတာ
လူတကာတွေက အပန်းဖြေ အိပ်စက်
ဒို့တွေကတော့ အသက်ထက်
မြတ်နိုးရဦးမယ့် အရာတွေအတွက်
ဗလာမှာ တွေ့အောင် ရှာရဦးမှာပေါ့။
ည...ရင်ဆိုင်ရဦးမယ့်ည
အတွေးမမှားစေနဲ့တော့ ဒီခဏအတွက်
ဒီဘ၀ပြီးရင် နောက်ထပ်ဆိုတာ မသေချာပါဘူး
ရူးမိုက်မှုဆိုတာ အတူတွဲနေတာလေ
လူပဲ အရေးကြီးတာ မဟုတ်တော့
ပေါ့ပေါ့လေးပဲ တွေးလိုက်ရင်း
မင်း ချင်ခြင်းတွေ ၀ါးမြိုလိုက်ပေါ့။
( ခဏတာ ည ကို ကျော်ဖြတ်ခြင်း )