သစ်ပင်တွေကိုအသေခိုင်းရမှာစိုးလို့ပုဆိန်ကိုပဲသတ်ပစ်လိုက်တယ်တဲ့။ဘယ်သူ့ကဗျာလေးမှန်းမမှတ်မိတော့ပါဘူးတော်တော်
လေးကိုသဘောကျတယ်။မျက်လုံးထဲမှာကြည့်လေကြည့်လေသစ်ပင်တွေကလှလေလေဖြစ်နေတယ်။အရင်ထဲက
ပန်းပွင့်တွေနဲ့စာရင်သစ်ပင်တွေကိုချစ်တယ်။ပန်းပွင့်တွေကဘယ်လောက်လှပါစေပုံစံသေတယ်လေ။ဒီအရောင်
ဒီပုံစံလန်းဆန်းတာနဲ့နွမ်းနေတာပဲကွာလိမ့်မယ်။ပြီးတော့နုနယ်လွန်းတယ်။ပန်းပွင့်တွေဟာအပင်ပေါ်မှာရှိနေတာ
အလှဆုံးပဲ။ခူးလိုက်တာနဲ့ကိုမလှတော့ဘူး။ဖျက်ဆီးလိုက်သလိုခံစားရတယ်။ဘုရားတင်ဖို့ အလှဆင်ဖို့
ဘာရည်ရွယ်ချက်နဲ့မှကိုမခူးချင်ဘူး။အိမ်မှာနှင်းဆီခင်းရှိရဲ့သားနဲ့ဈေးကဘုရားပန်းဝယ်ကပ်တတ်လို့
အူကြောင်ကြောင်နဲ့လို့အမြဲအပြောခံရတတ်တာကိုယ်ပါပဲ။ဈေးထဲက၀ယ်ရတာကသေပြီးသား
ပံ့သကူသားဝယ်စားသလိုပေါ့။ကိုယ်တိုင်သတ်ပြီးမစားချင်လို့ဈေးကသေပြီးသားအသားကိုဝယ်စားသလိုပေါ့။
ကြောင်တောင်တောင်နဲ့လို့ပြောခံထိတာတော့ရိုးနေပြီမို့လို့ဘယ်လိုမှကိုမနေတော့ပါဘူး။သစ်ပင်ကို
အကြမ်းအားဖြင့်tree, shrub, herb, creepers ဆိုပြီးလေးမျိုးခွဲလို့ရတယ်ဆိုတာထက်ဘာမှပိုမသိပါဘူး။
အစိမ်းရောင်ကြိုက်လွန်းလို့ပဲလားမြက်ပင်လေးကအစချစ်လိုက်တာမျက်လုံးထဲမှာလှတယ်ထင်တယ်။
သစ်ပင်အကြီးကြီးတွေဆိုရင်လည်းအားမာန်ရှိလို့အကိုင်းအခက်တွေဖြာနေပုံကိုကြည့်ရတာလှလွန်းလို့ချစ်တာပဲ။
အုန်းပင်လိုထန်းပင်လိုအပင်မျိုးဆိုပင်စည်ကပန်းအိုးအကိုင်းတွေကပန်းပွင့်လေးတွေလို့စိတ်ထဲမှာထင်ပြီး
ငယ်ငယ်ထဲကသိပ်သဘောကျတာပဲ။အကိုင်းတွေယှက်ဖြာနေတဲ့ပုံကတစ်ပင်ဆိုတစ်မျိုးကုက္ကိုလ်ပင်လို
အပင်မျိုးကျတော့လောဘကြီးတတ်တဲ့ကလေးရဲ့လက်တွေနဲ့လေထဲမှာကိုင်းတွေဖြာပြီးနေရာလိုက်ဦးနေတယ်
လို့ထင်တယ်။အပင်တစ်ပင်ကိုင်းတွေဖြာနေတာကပန်းချီကားပဲလို့ထင်တယ်။ ပန်းချီကားတွေကိုနားမလည်ပါဘူး
ဒါပေမယ့်အပင်တစ်ပင်ရဲ့ကိုင်းတွေဖြာနေတာကကိုယ့်မျက်လုံးထဲမှာပန်းချီကားတစ်ချပ်ပန်းပုရုပ်တစ်ရုပ်
ကိုကြည့်နေရသလိုပဲ။ဘယ်လိုမှတူအောင်ထုမရတဲ့ပန်းပုရုပ်တစ်ရုပ်စီပေါ့။နွယ်ပင်လေးတွေဆိုလည်း
သူ့ပုံစံနေပုံလေးကိုက သူများကိုမှီခိုနေရတဲ့ဘ၀လေးကိုရော ဖြစ်တတ်နည်းနဲ့အမြင့်ကိုရောက်အောင်
နေရောင်ဆီကိုလူးလွန့်တတ်တတ်တာလေးကိုချစ်တာပဲ။အကိုင်းအခက်လေးတွေသစ်ပင်ကြီးတွေလောက
်
မသန်မာရှာတဲ့shrubအမျိုးအစားစံပါယ်ပင်လိုပုဏ္ဏရိတ်လိုအပင်လေးတွေလည်းချစ်တာပဲ။ဘွန်ဆိုင်းပင်
လေးတွေမဟုတ်ပဲနဲ့အဲလိုစိတ်ထဲမှာသဘောကျပြီးချစ်တာပဲဘွန်ဆိုင်းအစစ်လေးတစ်ပင်လောက်လဲ
အပိုင်ရှိချင်တယ်။ပြီးတော့သားစဉ်မျိုးဆက်လက်ဆင့်ကမ်းခဲ့မှာပေါ့။အပင်တွေကိုဒီလောက်ချစ်တတ်ရင်
ကျောင်းတုန်းကရုက္ခဗေဒမယူပဲဘာလို့စီးပွားရေးယူခဲ့သေးတုန်းလို့မေးခံရတော့မှကိုယ့်ဘာသာကိုယ်
တော်တော်စိတ်ကုန်သွားတယ်။ဟုတ်ပငါဘာလို့ဒီဘာသာရှိရဲ့သားနဲ့ဘာလို့တခြားစာတွေလျှောက်ဖတ်မိပါလိမ့်
ပေါ့ဒါပေမယ့်တက္ကသိုလ်တုန်းကလဲအမြဲကျောင်းပြေးနေရတဲ့၊ရုံးကမန်နေဂျာဆီမှာခွင့်ကိုအသေအလဲတောင်းပြီးမှ
Praticalလာဖြေရတဲ့၊Roll call အတွက်နဲ့သူငယ်ချင်းတစ်ဖွဲ့လုံး၊ကုညီညာဝိုင်းထားရတ၊ဲ့ ဌာနတကာမှာ
အမြဲတမ်းကျောင်းပြေးလို့အဆုခံနေရတဲ့၊ဘ၀နဲ့တော့ဘာမေဂျာပဲယူခဲ့ယူခဲ့ဘာမှတော့မထူးပါဘူးတွေးမိတယ်။

အိ လိုပဲ မမေ လဲ သစ်ပင်တွေကို ချစ်တယ်။
ReplyDeleteနွေ မိုး ဆောင်း ရာသီတွေပြောင်းတိုင်း လိုက်ပြီးပြောင်းလဲနေတဲ့ သစ်ပင်လေးတွေ ..
ရာသီတွေဘယ်လိုပြောင်းပြောင်း မပြောင်းလဲတဲ့ သစ်ပင်လေးတွေ …
သတိထားကြည့်ရင် သိပ်လှပြီး သိပ်သဘောကျဖို့ကောင်းပါတယ်။
ကုက္ကိုပင်ကြီးတွေကိုလည်း အိ လိုပဲ သတိထားပြီးကြည့်ဖူးတယ်။
ရွက်ကြွေချိန်ဆို ကုက္ကိုပင်ကြီးတွေက အရိုးပျိုင်းပျိုင်းနဲ့ အထီးကျန်သလို ..
မိုးရာသီဆို သူ့အရွက်စိမ်းစိမ်းစိုစိုလေးတွေနဲ့ အေးမြလို့ ..
ပန်းပွင့်တဲ့အချိန်ဆို တပင်လုံး ပန်းရောင်သန်းလို့ ..
ချစ်သော မျက်စိနဲ့ကြည့်ရင် အရာရာ လှပါတယ် .. အိရေ…။
ချစ်စရာကောင်းတဲ့ ကွန်မန့်လေး ထားခဲ့တာကျေးဇူးနော် အစ်မ။
ReplyDelete