Nov 24, 2006

I betrayed myself!

"I betrayed myself (သို့) နှစ်ကိုယ်ခွဲ"

လောက ပြောကြတာက
ခြေမ မကောင်း ခြေမ
လက်မ မကောင်းလက်မ တဲ့။

အေးလေ ဟုတ်ပ
ကဲ ဒီလိုဟာဖြင့်
ဓားထက်ထက်ကိုရှာ
ဟောဒိ ရင်ဘတ်ထဲက
အသုံးမကျတဲ့ နှလုံးသားကို
ဆွဲထုတ် နူတ်နူတ်ကိုစင်းပစ်ဦးမှ....

ဘယ့်နှယ့် ဘယ်နှယ့်
ဦးနှောက်မသုံး ဘာမသုံး
ဘ၀တစ်ခုလုံးဆုံးချင်ဆုံးတဲ့...

ကဲလေ ပြောနေကြာတယ်
ဓားသာမြန်မြန်ထုတ်
ခပ်သုတ်သုတ် ရှင်းပစ်မှအေးမယ်

ဟင်
ငါ့ရင်ဘတ်ထဲမှာကဗလာ
ဘယ်မှာများ ဘယ်လို...
?????????????

အလို အလို
နောက်ကျတဲ့ဓား
ငါ့နှလုံးသားကဖြင့်
သူ့ဟာသူ
သွေးစိမ်းရှင်ရှင်နဲ့ခစား
ဟိုလူ့ခြေရင်းမှာပါလား။

No comments:

Post a Comment