မနေ့ကညနေမိုးတွေရွာတယ်မီးခိုးတွေလည်းမွှန်တော့ဘူး။
ပျော်တယ်ပျော်တယ်ဆိုပြီးမိုးရေထဲအိမ်ကိုလမ်းလျှောက်ပြန်လိုက်တာ
ကံကောင်းလို့မာလကဈာန်နဲ့ကြွတော့မလို့။
ခါတိုင်းလည်းအိမ်နဲ့ရုံးကတစ်မှတ်တိုင်ပဲဝေးလို့လမ်းလျှောက်နေကြပဲ
ဆိုပြီးမိုးရေထဲခေါင်းမသုံးဘူးပျော်ရွှင်စွာနဲ့လမ်းလျှောက်လိုက်တာလေ ဟ ဟ။
မိုးကိုလွမ်းနေတာကြာပြီ။ရွာပဲမရွာနိုင်ပဲဘူးနဲ့မျှော်နေတုန်း
ထရွာလိုက်တော့အပျော်တွေလွန်ဝိုင်ဝိုင်းသီချင်းတွေဆိုပြီးမိုးသည်းထဲ
လမ်းလျှောက်လိုက်တာအိမ်ရောက်တော့ချမ်းလိုက်တာ။
အစကချမ်းပစေ-ဒီငရဲပြည်လိုပူတဲ့စင်္ကာပူမှာမီတာခကုန်မှ
ချမ်းခွင့်ရတာအလကားချမ်းရတာချမ်းပစေနဲ့နေတာပြီးမှ
ချမ်းရုံတင်မကဘူး။မျက်လုံးတွေပါပူခေါင်းတွေပါကိုက်ဖြစ်လာတော့မှလန့်သွားတယ်။
ဆေးဖိုးကမတတ်နိုင်ဘူးလေ။ဟင်းနွှေးဖို့ပျင်းတာနဲ့ပရိုဗီမင်သောက်ပြီးအိပ်တာ
ဘယ်လိုမှမပျော်နိုင်တဲ့အဆုံးမှရန်ကုန်ကအမေထည့်ပေးလိုက်တဲ့ဆေးဗူးတွေလိုက်ရှာရတယ်။
ဆေးသောက်ခါနီးရင်တုန်နေမယ်ဟဲ့ဆိုပြီးအစားစားဖို့ပြင်ရတယ်။
အလုပ်တွေကိုညကြီးမင်းကြီးရှူပ်သွားတာပဲ။တိုက်တိုက်ဆိုင်ဆိုင်ရန်ကုန်ကပို့လိုက်တဲ့
ပါဆယ်ထုပ်မှာစောင်တစ်ထည်ပါလာတယ်။အိမှာစောင်မရှိဘူးလေ။
အခန်းဖော်အမကသနားသောအားဖြင့်စောင်ပေးခြုံထားလို့တော်သေးတယ်။
မနေ့ကတော့ကိုယ်ပိုင်စောင်လေးရတယ်။စောင်ရကာမှပိုချမ်းနေလို့
ကိုယ့်ကိုကိုယ်တောင်ရယ်ချင်သေးတယ်။မိုးစက်များကိုဂရုမစိုက်ပဲနဲ့
စိတ်ရှိတိုင်းငါလျှောက်လိုက်သွားမလို့လုပ်လိုက်တာခရီးများအဆုံးထိရောက်သွားတော့မလို့
တော်သေးတယ်။မီးခိုးတွေမွှန်တုန်းကတောင်ချောင်းမဆိုးဘူး။
ခုမှပဲချောင်းတွေဘာတွေဆိုးတော့တယ်ဟ ဟ။ရန်ကုန်မှာတစ်လတစ်ခါနေမကောင်းဖြစ်နေတာ
ဒီရောက်မှအလွန်အင်မတန်ကိုကျန်းမာနေလို့အံ့ဩနေတာခုတော့ချောင်းပြန်ဆိုးလာပြီ ဟ ဟ။
ရန်ကုန်မှာလိုအဟင့်အဟင့်လည်းလုပ်စရာအမေမရှိတော့နေမကောင်းရတာနည်းနည်းတော့ဟာတာတာကြီးဗျ။
Mac မှ Adware များကိုဖယ်ရှားခြင်း
-
Mac ကွန်ပျူတာတွေဟာ အများအားဖြင့် security system ကောင်းမွန်အောင်
တည်ဆောက်ထားကြပါတယ်။ သို့ပေမယ့် popular ဖြစ်လာတာနဲ့အမျှ hacker တွေဟာလည်း
target ထားလြာ...
♪♫ Du Du Du Du Du Du Du Du Du ♪♫
ReplyDelete♪♫ Du Du Du Du Du Du Du Du Du♪♫
♪♫ I´m singin´ in the rain ♪♫
♪♫ Just singin´ in the rain, ♪♫
♪♫ What a glorious feeling, ♪♫
♪♫ And I´m happy again. ♪♫
♪♫ I´m laughing at clouds ♪♫
♪♫ So dark, up above, ♪♫
♪♫ The sun´s in my heart ♪♫
♪♫ And I´m ready for love. ♪♫
♪♫ Let the stormy clouds chase. ♪♫
♪♫ Everyone from the place, ♪♫
♪♫ Come on with the rain ♪♫
♪♫ I have a smile on my face. ♪♫
♪♫ I´ll walk down the lane ♪♫
♪♫ With a happy refrain ♪♫
♪♫ Just singin', singin' in the rain. ♪♫
http://designdesires.pengus.net/singing_in_the_rain_remix.mp3
Hey Sis,
When I read yours, I just remember this song right away.
Singing in the rain is fun.
But cold is not a fun thing at all.
Especially when we are all alone without mom and dad.
Take care of your health sis.
Love you....
Hla
တရုပ်ကားတွေထဲကလိုပြောလိုက်မယ် ...
ReplyDeleteကိုယ့်ကိုယ်ကို ဂရုစိုက်နော်လို့
ဟီးဟီး ... နေမကောင်းရင် နောက်ဆက်တွဲတွေက သိတယ်မဟုတ်လား ညီမရေ ...