Oct 27, 2006

Wait and then wait ....

ညကအိပ်မက်ထဲ

အမှောင်ကြီးထဲ

တစ်ယောက်ထဲပြေးလို့

ပြေး ပြေး ပြေး...

ရေလည်းငတ်

မောလည်းမော

ဒါပေမယ့်ထပ်ပြေး

ခရီးဆုံးမှနားမယ်လေ

ပြေး ပြေး ပြေး...

ရောက်သွားတော့

သော့ခလောက်ကြီးကြီးနဲ့

ခြံစည်းရိုးတစ်ခု

ဖွင့်ပေးပါ ဖွင့်ပေးပါ

တဆာဆာအော်ခေါ်

နောက်မှတဲ့

ခဏနေမှတဲ့

ဩော်ဒါဆို စောင့်ပေါ့လေ

စောင့် စောင့် စောင့်...

ပြောသေးတာက

ခြံထဲမှာဘာမှမရှိဘူးတဲ့

ပြန်လိုက်ပါတဲ့

ရတယ်ကိစ္စမရှိဘူး

စောင့်မယ်လေ

စောင့် စောင့် စောင့်...

ထပ်စောင့် နောက်ထပ်စောင့်

ဟောတံခါးဖွင့်ပေးပြီ

ဟင်ဝင်လို့လည်းမရ

အံ့အားသင့်နေတုန်း

မဟုတ်သေးဘူးတဲ့

ကြာဦးမှာတဲ့

ဘယ်တော့လဲ

ဘယ်တော့မှလဲ

မသိဘူး မသိဘူး

ပြီးတော့ထပ်မေး

မသိဘူးတဲ့

သော့ရော သော့ရော

မောလှပြီ
သော့ရော

သော့ကကိုယ်တိုင်ခတ်မိတာတဲ့

ဒါပေမယ့် သော့က

ခုလွှင့်ပစ်လိုက်ပြီတဲ့

မောလှပြီ

ပင်ပန်းလှပြီ

ရေဆာတယ်

ခြေနာတယ်

သော့ရော သော့ရော

မရှိဘူးတဲ့

စောင့်မနေနဲ့တဲ့

ကြာဦးမှာတဲ့

ဂျီမတိုက်နဲ့တဲ့

လက်ကြီးပိုက်လို့

မဆိုင်သလိုလို

သွေးအေးအေးနဲ့

ကျောများတောင်ခိုင်းလို့

စည်းရိုးဒီဘက်မှာက ငါ...

ဘယ်အချိန်ပွင့်မယ်

မသိတဲ့သော့ခလောက်ကြီးကို

ငေးလို့ စောင့်လို့....

ကျင့်ပေးထားလို့စောင့်ခိုင်းထားတာလဲနေတတ်နေပါပြီ

ဒါပေမယ့်စိတ်ရောလူရောမောလည်းမောလှပြီ။

ပိတ်ထားးတဲ့တံခါးကြီးကိုလည်းမုန်းလှပြီ။

ရှေ့နောက်မစဉ်းစားပဲထင်ရာလုပ်မိတာတွေကြောင့်

ဒီတံခါးကို ကိုယ်တိုင်ပဲသော့ခတ်မိတယ်ဆိုဦး

စေတနာနဲ့မှားမိတာဆိုရင်ခွင့်လွှတ်သင့်ပြီထင်ပါတယ်။

No comments:

Post a Comment