Mar 10, 2007

Boring days in S'pore...

ဒီနေ့မှပဲ မြန်မာစာ ပြန်ရိုက်လို့ ရတယ်။ ၀မ်းသာလိုက်တာ။ မဟုတ်ရင် ရုံးမှာစာရိုက် အိမ်မှာ ပြန်တင်နဲ့ အလုပ်ရှူပ်တော့ စိတ်မပါဘူး။ အိမ်ရောက်ရင် အိပ်ဖို့လောက်ပဲ စိတ်ကရောက်နေရော။ ညနည်းနည်းနက်အောင် နေမိရင် ရုံးမှာ ဒေါင်ချာစိုင်းအောင် အိပ်ငိုက်တော့ ကိုယ့်ကိုကိုလည်း ညှာရသေးတယ်။ ခုတလော ဘိုင်ပြတ်နေလို့ ကြက်သားနဲ့ချည်းပဲ ညားနေလို့ ထမင်းမစားချင်တာလည်းပါတယ်။ အိမ်ရောက်ရင် ရေချိုးပြီးတာနဲ့ အေးနေတဲ့ အရှိန်လေးမကုန်ခင် ကြိုးစားအိပ်ရတယ်။ သေအောင်ပူတဲ့ စင်ကာပူပဲ။ ကျွဲများလို ရေထဲမှာပဲ စိမ်နေချင်တယ်။ အဲလကွမ်းပါရင် ဈေးကြီးတယ် အဲလကွမ်းမပါတော့ တအားအိုက်တယ်။ ပရိုက်ဗေဆီများရအောင် အခန်းဖော်က တံခါးလေးများပိတ်ထားရင် သေရော အော်ပါငိုချင်တယ်။ နောက်အသက်ကြီးလာလို့ ဘ၀ရဲ့ ဒီအစိတ်အပိုင်းကို ပြန်တွေးရင် စင်ကာပူအကြောင်းကို ပြန်သတိရရင် အလွန်အမင်း အိုက်တာရယ် ကြက်သားထမင်း (ရန်ကုန်က ကြက်ဆီထမင်းလိုလည်း မနုညံ့ဘူး) ရယ် တစ်ယောက်တည်း ပျင်းပျင်းနဲ့ အားတိုင်း လှိမ့်အိပ်နေရတာရယ်။ ပိုက်ဆံပြတ်သွားတဲ့ အချိန်တွေမှာ ကြက်သားနဲ့ ကြာဇံပြုတ် သို့မဟုတ် ခေါက်ဆွဲပြုတ်ချည်းပဲ စားနေရတာရယ်။ (ချက်ဖို့ပျင်းတာလည်း ပါတယ် ပိုက်ဆံမရှိတာလည်း ပါတယ်။) တစ်ယောက်တည်းချည်း ထောင်ကျသလို အိမ်ထဲမှာချည်းပဲ နေရတာရယ် ချည်းပဲ သတိရနေတော့မယ် ထင်တယ်။ စနေနေ့
တစ်ဝက်ဆင်းပြီးရင် အိမ်ရောက် ခဏအိပ် အိပ်ယာနိုးရင် စားချင်ချင် မစားချင်ချင် ထမင်းတွေစား (ကြက်ဥကြော်နဲ့ ခေါက်ဆွဲပြုတ် ကြာဇံပြုတ်များ မကြည့်တောင် မကြည့်ချင်ဘူး-ခုနေများ သီးစုံချဉ်ရေဟင်းလေးနဲ့ ငါးကြော်ပူပူလေးနဲ့ ထမင်းစားလိုက်ရရင် ရှလွတ် ရှလွတ်) ပြိးခဏနေရင် ရေပြန်ချိုး စာဖတ် ပြီးရင် ပြန်အိပ် မျက်နှာလည်း စကောလောက် ပြဲနေပြီ။ ဒီနေ့တော့ စနေညပဲ မအိပ်ဘူး။ ညနက်ထိနေမယ်ကွာ။ ဒါပေမယ့် မနက်ဖြန် အပြင်သွားချင်သေးတာ Cordless ဖုန်းလေးလိုချင်တာ မူစတာဖာမှာ သွားရှာဦးမယ်။ မနက်စောစောလည်း ဒီတိုက်ခန်းကြီးက လွတ်ရာလွတ်ကြောင်း Bedok Resorvior ကိုလမ်းစောစော လျှောက်ဦးမှ။ သိပ်ညနက်လို့တော့ မဖြစ်သေးဘူး။ ကိုယ့်ကိုကိုယ် သနားပါတယ်။ အိပ်ချည်ဦးမှ အိပ်ချည်ဦးမှ။ ပန်းခြံထဲရောက်ရင် မြေကြီးနည်းနည်း ခိုးကြုံးပြီး အိုးလေးထဲထည့် အပင်စိုက်ဦးမယ်။ အခန်းရှေ့မှာ အပင်လေးတစ်ပင် ဖြစ်ဖြစ် စိုက်ထားဦးမယ်။ ရန်ကုန်က လူကြုံနဲ့ ချဉ်ပေါင်ပင် မျိုးစေ့တောင်းပြီး ချဉ်ပေါင်ပင်တွေ စိုက်ထားမယ်။ အဲဒိအကြံမိုက်တယ်။ ချဉ်ပေါင်ဟင်းလည်း စားရမယ် အပင်လည်း စိုက်ရမယ် ဂွဒ်ထ ဂွဒ်ထ။

3 comments:

  1. ချဉ်ပေါင်ကယ် တုန်းခါမှ မောင်ဘုန်းပြန်လာမယ် :D

    ReplyDelete
  2. အောင်မလေး ချဉ်ပေါင်က ဘယ်လောက် ရှားတယ်မှတ်တုန်း။ ချဉ်ပေါင် တုန်းရင် မန်ကျည်းရွက် ကလှည့်ဗျ ဟား ဟား

    ReplyDelete
  3. ဘယ်ဟာတွေများ ပေါနေလို့တုန်း ? မန်ကျည်းမစိုက်ခင်တော့ တစ်ခါတော့ အရောက်လာပါဦးမယ်

    ReplyDelete