ဒီနေ့စိတ်တွေလေးနေတယ်။ညကကောင်းကောင်းအိပ်မပျော်လို့
ခေါင်းတွေလဲကိုက်နေတယ်။ရန်ကုန်ကသူငယ်ချင်းတွေလဲတစ်ယောက်မှမတွေ့ဘူး။
ညကအပေါ်သွားလေးချောင်းအရမ်းနာလို့ကိုယ့်ဘာသာနှူတ်ပစ်လိုက်တယ်လို့အိပ်မက်တယ်
အပေါ်သွားတွေကျိုးတယ်လို့မက်တာကောင်းဘူးမဟုတ်လား။
အိမ်ကအမေ၊အဖေ၊အဘွားနဲ့အဖိုးကိုစိတ်ပူလိုက်တာ။ဖုန်းကဒ်လဲလက်ထဲမှာအဆင့်သင့်မရှိဘူး။
ပတ်ဝန်းကျင်တစ်ခုလုံးကလည်းမှူန်မှူန်မှိုင်းမှိုင်းကြီးနဲ့စိတ်လေးလိုက်တာ။
ငါဒီမှာဘာလာလုပ်နေတာလဲအိမ်မှာအဖေနဲ့အမေကိုဒီအတိုင်းထားခဲ့ပြီး
ဒီမှာဘာလာလုပ်နေတာလဲဒီအသုံးမကျတဲ့ပိုက်ဆံတွေပို့ပြီးဘာလုပ်ဖို့လဲ။
ဒီပိုက်ဆံနောက်ပဲတကောက်ကောက်လိုက်ပြီးမိဝေးဖဝေးအားလုံးနဲ့အဝေးကြီးမှာ
ဘာလာလုပ်နေတာလဲ။သမီးနှစ်ယောက်တောင်မွေးထားတဲ့အမေနဲ့အဖေ
နေထိုင်မကောင်းလို့တောင်ဘယ်လိုနေကြမှာလဲ။အဝေးကြီးတွေကနေပြီး
ဘာတွေလုပ်နေကြတာလဲ။စိတ်တွေပူတယ်။အမေသမီးအိမ်ပြန်ချင်နေပြီ။
ဒီဘာမှအားမကိုးရတဲ့သမီးတွေအတွက်ဂုဏ်ယူမနေပါနဲ့တော့။
သူများတွေရဲ့သက်မှတ်ချက်တွေနဲ့ပုံစံကျပြီးရှူံးနိမ့်တာကိုကြောက်လို့
အကဲ့ရဲ့လွတ်အောင်လို့ကိုယ့်ဘာသာဘောင်ခတ်ပြီးနေနေရတဲ့ဘ၀ကို
မုန်းလာပြီ။အိမ်ပြန်ချင်တယ်။ဘာမှမဖြစ်ချင်ဘူး ဘာမှမလိုချင်ဘူး။
သမီးအိမ်ပြန်ချင်တယ်အမေ။
Mac မှ Adware များကိုဖယ်ရှားခြင်း
-
Mac ကွန်ပျူတာတွေဟာ အများအားဖြင့် security system ကောင်းမွန်အောင်
တည်ဆောက်ထားကြပါတယ်။ သို့ပေမယ့် popular ဖြစ်လာတာနဲ့အမျှ hacker တွေဟာလည်း
target ထားလြာ...
ma ei yay,
ReplyDeleteI know how you feel now. I also feel the same way sometimes. We are now like materialistics. For me, just following after education and worse than that helped you to go to S'pore.
I feel really regret sometimes. I wish I could be with you, mom and pa at home. Eating dinner together, singing karaoke at night and being with mom & pa. Everything was just great.
If you want to blame, I am the most responsible person. I am sorry sis. I love you, mom & pa. I miss you all ;(
ပျော်ပျော်နေပါဗျာ၊ အိမ်ကို ဖုန်းမှန်မှန် ပြန်ဆက်ရင် မိဘတွေ အရမ်းကို ဝမ်းသာပါပြီ၊ အခွင့်ကြုံရင်တော့ ပြန်လည်ပေါ့။ စိတ်မညစ် ပါနဲ့ဗျာ။
ReplyDeleteကျေးဇူးတင်ပါတယ်။
ReplyDeleteကိုသန့်ဇင်အောင်
ဒါပေမယ့်တခါတလေတော့လည်းစိတ်လေတယ်။
ဒီလိုပါပဲတသက်လုံးမြန်မာပြည်က
တဖ၀ါးမှမခွာဘူးဆုံးဖြတ်ချက်တောင်
ဒီအသုံးမကျတဲ့ငွေနောက်လိုက်ရင်း
ဲပြင်ထားလိုက်ရတာကြာပါပြီ။
လောလောဆယ်တော့
အိပ်မက်ထဲကနေခဏခဏပြန်ပါတယ်။