May 8, 2008

Nargis, don't just kill the innocent poor ppl, pls bring all those crazy ppl down!

နာဂစ်ရယ် အပြစ်မဲ့ ပြည်သူတွေကို သတ်ရုံတင် မလုပ်ပါနဲ့။
တကယ်လုပ်ရမှာက ဟိုအရူးကြီးတွေကို သူတို့ ကုတ်ကပ်ဖက်တွယ်
ထားတဲ့နေရာတွေက ဆွဲချသွားစမ်းပါ။
ငါဘာလို့ကျိန်တာလဲ။ ကျိန်တာ သိပ်အကုသိုလ်များတဲ့ကိစ္စ။ ဒါပေမယ့် ငါကျိန်တယ်။
ရူးလွန်းတဲ့ အတ္တဆန်လွန်းတဲ့ ကြောင်လွန်းတဲ့ ကျပ်မပြည့်တဲ့ သရဲဘောကြောင်တဲ့ ပေကုပ်ကုပ်ရုပ်တွေနဲ့ ခေါင်းမာတဲ့ ငတေမာကြီးတွေကို ငါကျိန်တယ်။
ဒီဆိုးဝါးတဲ့ အဖြစ်ဆိုးကြီးကို အဖြစ်ခံတဲ့ တာဝန်မဲ့ကြီးတွေကို ငါလှိုက်လှိုက်လဲလဲ မုန်းလွန်းလို့ ငါကျိန်တယ်။
သူ့အကုသိုလ်နဲ့ သူသွားလိမ့်မပေါ့လို့ ငါစိတ်မဖြေနိုင်တော့ဘူး။
ငါသိပ်မုန်းတယ်။ သိပ်ရွံတယ်။ မတရားသေရတဲ့ လူတွေ အကုန်လုံးရဲ့ အသက်ကြွေးတွေကို ဒီအရုးကြီးတွေ သေတာနဲ့ တစ်သံသရာလုံးဆပ်ဖို့ နာဂစ်မုန်တိုင်းကြီးရယ် တကယ်သတ်ရမယ့်လူတွေကို သူတို့ပြုတ်ကျမှာ သိပ်ကြောက်နေတဲ့ နေရာက ဆွဲချသတ်ပေးပါ။

No comments:

Post a Comment