ဟား ခုမှပဲ Post အသစ်တင်လို့ ရတော့တယ်။ ထိုင်ဝမ်က ငလျင်တော့ ဘယ်လိုနေတယ် မသိ။ ဒီမှာတော့ ရွာတွေ ပတ်ကုန်တယ်။ အပျင်းထူပြီး သူဌေးခိုင်းထားတာကို နေ့ရွှေ့ညရွှေ့ လုပ်ထားတာ တကယ်ဒေါင်းလုဒ် လည်းဆိုရော လိပ်Connectionနဲ့ တိုးရော။ သေဟ။ ဖိန့်ဖိန့် နဲ့ I have already downloaded the forms. ဆိုပြီး လိမ်ထားတာလေ။ လူမိသွားတာပေါ့။ အင်း X’ mas တစ်နေ့လုံး အာညောင်းအောင် ဖုန်းပြောပြီးတော့ ညနေဘက် ရုပ်ရှင်သွားကြည့် အိမ်ရောက်တော့ ခေါက်ခနဲပဲ အိပ်ပျော်သွားတာ။ နောက်နေ့ မနက်ရုံးရောက်မှ မြွေကိုက်တော့တာပဲ။ အလုပ်ကလည်း လူကို ငယ်ထိပ်က ခွစီးထားသလိုပဲ။ အိပ်မက်ထဲထိ ဒီရုံးကြီးက ပါတုန်း။ စိတ်လေပါတယ်။ ဖတ်နေကျ ဘလော့ဂ်တွေကို High Speedနဲ့လိုက်ဖတ်နေ၇တယ်။ ကွန်မန့်လေးရေးဖို့တောင် မလွယ်ဘူး။ မြန်မာပြည်မှာ နေခဲ့တဲ့ အချိန်တွေကိုတောင် သတိရသေးတော့။
Mac မှ Adware များကိုဖယ်ရှားခြင်း
-
Mac ကွန်ပျူတာတွေဟာ အများအားဖြင့် security system ကောင်းမွန်အောင်
တည်ဆောက်ထားကြပါတယ်။ သို့ပေမယ့် popular ဖြစ်လာတာနဲ့အမျှ hacker တွေဟာလည်း
target ထားလြာ...
No comments:
Post a Comment