ခုလို Stress များတဲ့ အလုပ်ကြီးမှာ တစ်နေကုန်လုပ် ညနေကြိုမယ့်သူမရှိတဲ့ အိမ်ကိုပြန် နောက်တနေ့အိပ်ယာနိုးလာတော့ ဒီထုံးစံအတိုင်း အလိုက်သင့် ပျင်းစရာကောင်းတဲ့ ဘ၀ကြီးထဲမှာ ပြန်နေလိုက် နောက်တစ်နေ့ပြီးတော့ နောက်တစ်နေ့တွေ နောက်တစ်နေ့တွေကို ဒီ Under the moonless starless redsky ကြီးအောက်ကနေ ဖြတ်သန်းနေရတော့ ရန်ကုန်တုန်းက သုံးနှစ်တိတိ ချစ်စရာကောင်းတဲ့ အပြစ်ကင်းတဲ့ creativeဖြစ်တဲ့ အသည်းယားဖို့ ကောင်းတဲ့ပျော်စရာကောင်းတဲ့ စိတ်ညစ်စရာကောင်းတဲ့ စိတ်မောအောင် လုပ်တတ်တဲ့ စိတ်တိုစရာကောင်းတဲ့ ရယ်ရတဲ့တခါတလေလည်း ထရိုက်ချင်စိတ် ပေါက်မိအောင် လုပ်တတ်တဲ့ ကလေးလေးတွေနဲ့ နေခဲ့ရတဲ့ အချိန်တုန်းလေးကို သတိရတယ်။ သူတို့လေးတွေရဲ့ Year Book အတွက် စိတ်ကူးတည့်ရာ လျှောက်ကပ်ထားတဲ့ ဒီဇိုင်းပါ။ ကိုယ်စိတ်ကူးနဲ့ စိတ်လေစရာကောင်းအောင် လုပ်ချင်ရာတွေ လျှောက် ဖြတ်ညှပ်ကပ်ထားတာကို ကွန်ပျူတာဆရာကမရရအောင် လိုက်လုပ်ပေးထားတဲ့ ကိုယ့်Class ရဲ့ Page လေးပါ။ ဘာဒီဇိုင်းပညာမှ မတတ်ပေမယ့် သူတို့လေးတွေကို ကြယ်လေးတွေလို တောက်ပစေချင်တယ်။ ကြယ်ဆိုတာဒီက ကြည့်တော့သာပိစိကွေးလေးနဲ့ မထည်ဝါပေမယ့်လို့ သူတို့တစ်ပွင့်စီတိုင်းဟာ နေတစ်စင်းစီပဲလေ သူတို့ရဲ့သက်ဆိုင်ရာနေအဖွဲ့အစည်း အတွက် အရေးပါအရာရောက်တဲ့ အဖိုးတန်တဲ့ အဓိကဇာတ်လိုက်တွေ မဟုတ်လား။ ကိုယ့်ကလေးတွေကိုလည်း အဲဒိလို သူ့သက်ဆိုင်ရာ နေရာ ပါတ်ဝန်းကျင် အသီးသီးမှာအားကိုးအားထားပြုလောက်စရာ လူ့အဖိုးတန်ကလေးတွေ ဖြစ်လာစေချင်တဲ့ ကိုယ့်ရဲ့ စေတနာပါ။ ကိုယ့်သမီးလေးတွေကိုတော့ မိန်းကလေးဆန်ဆန် မွှေးမွှေးပြန့်ပြန့် ချစ်စရာကောင်းတဲ့ လောကကိုအလှဆင်ပေးမယ့် ပန်းပွင့်သိမ်သိမ်မွေ့မွေ့ ကလေးတွေ ဖြစ်စေချင်တယ်။ ပန်းပွင့်လေးတွေ ဟာနုညံ့သိမ်မွေ့အားနွဲ့တာသက်သက်မဟုတ်ပါဘူး။ သူတို့ရဲ့အရောင်အဆင်း အလှအပလေးတွေနဲ့ ဒီကမ္ဘာကြီးကိုအလှဆင်ကြမှာ မဟုတ်လား။ ကိုယ့်ကလေးတွေကို လူ့အသိုင်းအ၀ိုင်းအတွက် ကိုယ့်တိုင်းပြည်ရဲ့ အနာဂတ်အတွက် အားထားစရာကောင်းတဲ့ နှစ်လိုစရာကောင်းတဲ့ လူ့အဖိုးတန်လေးတွေ ဖြစ်လာစေချင်လို့ ဒီကဗျာလိုလို စာလိုလို အတိုအစလေး ရေးမိတာလေ။
"All our stars are shining in space!
These flowers are blooming in grace!
They are leading you to a better place."
No comments:
Post a Comment