Oct 18, 2006

To put my mind at ease!

ဘုရားစာ

အရဟံ = ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား။
ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှူကို
ပြုတော်မမူတတ်သော မြတ်စွာဘုရား။

လူမင်း နတ်မင်း ဗြဟ္မာမင်းတို့ဧ။်ပူဇော်အထူးကို
ံယူတော်မူထိုက်သော မြတ်စွာဘုရား။

သမ္ဗာသဗ္ဗုဒေါ= သိစရာအားလုံးတို့ကိုအကုန်အစင်ကိုယ်တော်တိုင်
အမှန်အတိုင်းထိုးထွင်း၍ သိတော်မူပြီး လူနတ်ဗြဟ္မာ သတ္တ၀ါတို့အားလည်း
သိအောင်ဟောတော်မူတတ်သော မြတ်စွာဘုရား

ဝိဇ္ဇာစရဏ........= မှန်သိအတိုင်းသိ၍သိသိအတိုင်း
ကျင
့်တော်မူသောမြတ်စွာဘုရား
ဝိဇ္ဇာသုံးပါး ၀ိဇ္ဇာရှစ်ပါး စရဏ
တစ်ဆယ့်ငါးပါးနှင့်ပြည့်စုံတော
်မူသောမြတ်စွာဘုရား။
(ပါလိလိုစာလုံးပေါင်းမသေချာပါ)

သုဂတော = ကောင်းသောစကားကိုဆိုတော်မူလေ့ရှိသော မြတ်စွာဘုရား။ မှန်ကန်၍အကျိုးရှိသောစကားကိုသာဆိုတော်မူလေ့ရှိသောမြတ်စွာဘုရား။
ကောင်းသောနိဗ္ဗာန်သို့ကြွသွားတော်မူသော မြတ်စွာဘုရား။

လောက၀ိဒူ = သတ္တလောက ဩကာသလောက သင်္ခါရ လောက
တည်းဟူသော လောကသုံးပါးကိုမြင်တော်မူသောမြတ်စွာဘုရား။

အနုတ္တရောပုရိသဓမ္မသာရထိ = ဆုံးမထိုက်သူတို့ကို
အတုမရှိဆုံးမတော်မူတတ်သော မြတ်စွာဘုရား။

သတ္တာဒေ၀မနုဿာနံ = နတ်လူတို့ဧ။်ဆရာတစ်ဆူဖြစ်တော်မူသောမြတ်စွာဘုရား။ နတ်လူတို့ဧ။်ကောင်းရာကောင်းကြောင်းကိုညွှန်ပြတော်မူသောမြတ်စွာဘုရား။

ဗုဒ္ဓေါ = ဒုက္ခသစ္စာ သမုဒယသစ္စာ မဂ္ဂသစ္စာ နိဂြောဓသစ္စာ
တည်းဟူသော သစ္စာလေးပါးကိုမြင်တော်မူပြီး
လူနတ်ဗြဟ္မာ သတ္တ၀ါတို့အားလည်း သိအောင်
ဟောတော်မူတတ်သော မြတ်စွာဘုရား

ဘဂ၀ါ = ဘုန်းတော်ခြောက်ပါးနှင့်ပြည့်စုံတော်မူသော မြတ်စွာဘုရား။
၁။ ဤသရိယဘုန်းတော် = မိမိစိတ်ကိုသာ မက
တစ်လောကလုံးကိုအစိုးရတော်မူတော်မြတ်စွာဘုရား။

၂။ ဓမ္မဘုန်းတော် = မဂ်ဖိုလ်နိဗ္ဗာန်တရားတို့နှင်
ပြည့်စုံတော်မူသောမြတ်စွာဘုရား။

၃။ယသဘုန်းတော် = အခြွေအရံများပြားခြင်း အကျော်အစော
ပျံ့နှံ့ခြင်းနှင့်ပြည့်စုံတော်မူသောမြတ်စွာဘုရား။

၎။သိရီဘုန်းတော် = အတုမရှိသော ကျက်သရေတော်နှင့်
ပြည့်စုံတော်မူသောမြတ်စွာဘုရား။

၅။ကာမဘုန်းတော် = လိုအင်ဆန္ဒတောင့်တမှူမှန်သမျှ
ခဏချက်ချင်းပြည့်စုံတော်မူသောမြတ်စွာဘုရား။

၆။ပယတ္တဘုန်းတော် = အတုမရှိသော လုံ့လ၀ီရိယတော်နှင့်
ပြည့်စုံတော်မူသောမြတ်စွာဘုရား။


အိတော့အိမ်နဲ့ခွဲပြီးအဝေးကြီးလာနေရတုန်း
အိမ်ကိုလွမ်းလို့စိတ်ညစ်တာပဲဖြစ်ဖြစ်
အလုပ်ကြောင့်စိတ်ညစ်တာပဲဖြစ်ဖြစ်
ရည်းစားကြောင့်စိတ်ညစ်တာပဲဖြစ်ဖြစ်
စိတ်ပူတာပဲဖြစ်ဖြစ် ဒီဘုရားဂုဏ်တော်တွေကို
တတ်နိုင်သမျှအာရုံပြုနေတယ်။
အနက်အဓိပ္ပါယ်သိတော့ပိုအာရုံပြုလို့ကောင်းတယ်
အိလိုပဲအိမ်နဲ့အဝေးကြီးခွဲပြီး စိတ်ညစ်စရာတွေအများကြီးရှိတဲ့
ညီမလေးလှအတွက်ရည်ရွယ်ပြီးဒီ Post ကိုတင်ပါတယ်။
ဆရာတော်ဦးဆန္ဒာဓိကရဲ့ဓမ္မဒါနလက်ကမ်းစာစောင်လေးကနေ
ကူးထားတာပါ။ မြတ်စွာဘုရားရဲ့ဂုဏ်တော်တစ်ခုလေးပဲ
အာရုံပြုနေတောင်ကုသိုလ်ရပါတယ်လို့အချစ်က
ပြောထားတာနဲ့ မြေ၀ယ်မကျနားထောင်နေတာ ဟဲ ဟဲ ဟဲ


2 comments:

  1. Inn adar kyaung pyaw pyaw nay tar.
    My sister kyi ka, chit phoe kg par tal loe.
    Thanks a ton sis.
    Love you more....

    ReplyDelete