ဒီည အိပ်မရတဲ့ည ဒီည အိပ်မရတဲ့ည ဒီလိုပဲ ထိုင်ရင်းနဲ့ မိုးအလင်းစောင့်ရမယ့် အခြေအနေ တကမ္ဘာလုံးမှာ ကိုယ်တစ်ယောက်တည်း ရှိနေသလို ခံစားရလို့ ....
အမှောင်ကို စောင်လိုခြုံရင်း အမြဲငါနှစ်သက် ကျေနပ်ခဲ့ပြီပဲ အရုပ်ဆိုးလွန်းတဲ့ အတိတ်တွေ နေလောင်ခြောက်သွေ့နေတဲ့စိတ်တွေ ရှည်လျားလွန်းတဲ့ အရိပ်တွေ ....
အမှောင်ကိုလည်း စောင်လိုခြုံလို့ မရပါဘူး နေရာတကာ မီးရောင် နီကျင်ကျင်တွေပဲ အခန်းထဲထိတောင် အလင်းရောင်က ၀င်နေတုန်း။ မှောင်တာကို ကြောက်တတ်ပေမယ့် အနီရောင် အ၀ါရောင်မီးလုံးတွေကိုတော့ မကြိုက်ဘူး။
ညဦးကတော့ လထွက်လာတာကို မီးပိတ်ပြီးထိုင်ကြည့်နေမိကြသေးတယ်။ လကလည်း အ၀ါရောင် မီးလုံးတွေကလည်း အ၀ါရောင် လေးဖြူရဲ့ အ၀ါရောင် ကိုက်ခဲမှူ ကို သွားသတိရမိသေးတယ်။
မနက်ဖြန် ရုံးပိတ်ရင် ဘယ်လောက်ကောင်းမလဲ။ ဘလောဂ့်တွေ လိုက်ဖတ်မယ်။ သီချင်းဒေါင်းလုဒ်လုပ်မယ်။ မအိပ်ချင်တဲ့ ညကို ဇွတ်အတင်း အိပ်ပစ်စရာမလိုဘူး။ မနက်ဖြန် ရုံးမှာ ခေါင်းကိုက်နေမလား ပူစရာမလိုဘူးလေ။
မအိပ်ချင်သေးဘူး အိပ်မှဖြစ်မယ်။ ရုံးမတက်ချင်ဘူး အလုပ်မပြုတ်ချင်ဘူး။
အိမ်ကိုလွမ်းတယ် မြန်မာပြည် မပြန်ချင်သေးဘူး။
မိသားစုဝင်အသစ်လေးကို လာစေချင်ပြီ မရေရာသေးတဲ့ ဘ၀မို့လို့ မခေါ်ချင်သေးဘူး။
ကိုယ့်ဘ၀ကိုယ်ပိုင်တဲ့ ကိုယ်ပိုင်လုပ်ငန်း တစ်ခု စချင်ပြီ ဒါပေမယ့် သွေးကြောင်တတ်တဲ့စိတ်က လကုန်ရင် လစာရမယ့်ဘ၀မှာပဲ နေနေတုန်း။
အော်ဇီကိုသွားချင်လိုက်တာလည်း ပျာနေတာပဲ IELTS အတွက် စာလုပ်ဖို့ကျတော့ အကြောင်းပြကောင်းအောင် ရုပ်ရှင်ကြည့်တာနဲ့ သီချင်းနားထောင်တာကလွဲလို့ ဘာမှလည်း မလုပ်ဘူး။
၂၀၀၉ ရဲ့ New Year Resolution က မွေးနေ့ မတိုင်ခင် နည်းနည်းလောက် ပြန်ပိန်အောင် လုပ်ဖို့ တကယ်တမ်းက ဗယ်လင်တိုင်းဒေးတောင် မီပါ့မလား။ နောက်လ အိမ်မပြန်ခင် ပိန်ရင် တော်ပါပြီ။ တစ်လပြီးတစ်လပြီး စိတ်ပြောင်းလှည့်စားလိုက်တာလည်း ကိုယ်တိုင်ပဲ။
တော်ပြီ အိပ်တော့မှ ကြာရင် ကိုယ်အသုံးမကျတာတွေ အကုန်တွေးမိရင် စိတ်ကျရောဂါ ၀င်လာနိုင်တယ်။
Google Dashborad
-
Google Dashboard is a new service that shows a summary of the data stored
with a Google account. You'll soon find a link to Google Dashboard in the
"pers...
0 comments:
Post a Comment