ခုတလော အလုပ်က တော်တော်များနေတယ်။ ကြီးကြီးကျယ်ကျယ် ပြောကြည့်တာပါ။ အမှန်က Laptop အသစ်လေး ရကာစမို့လို့ ကစားစရာ ရနေတော့ Monkey is Busy with Coconut ဖြစ်နေတာ။ ညညတွေလည်း အိပ်ရေးပျက် ဒီကောင်လေးက တော်တော်နှေးတယ်ဗျ။ အလကားရထားတာလေးကို သွားဖြဲကြည့်နေလို့လည်း မတော်ပါဘူးလေ။ ကိုယ်လည်း ဘာမှ ဘာမှ Advanced Techonlogy တွေသုံးနေမှာမှ မဟုတ်ပဲ ဒီလောက်ပဲ တော်လောက်ပါပြီ။ ဒါပေမယ့် တစ်ခါ တစ်ခါ Desktop အစုတ်လေးကမှ အဟုတ်ဖြစ်နေသေးတယ်။ ဘာလေးလုပ်လုပ် Slow Motion နဲ့ဂိုးနေတော့ တစ်ခါတစ်ခါ ကိုင်ဆောင့်ပစ်ချင်တယ်။ ပြောချင်တာက သူနဲ့ အလုပ်တွေရှူပ်နေတော့ အစားအသောက်ပါ ကြုံသလို စားနေတာ ကြာလို့ ဒီနေ့တော့ မုန့်ဟင်းခါးလေး ချက်ဦးမှပါလေဆိုပြီး လျှာရှည်လိုက်တာ။ ငါးနှစ်ကောင်နဲ့ ရွာတွေလည် ငါးကလည်း အိမ်ရောက်မှပဲ ပိုကြီးလာသလား မသိ။ နွှင်လိုက်ရတာ မပြောပါနဲ့တော့။ ငရုတ်ဆုံပိစိလေးနဲ့ ထောင်းလိုက်ရတဲ့ ဂျင်းတွေ စပါးလင်တွေ ကြက်သွန်ဖြူတွေ။ ချက်ရင်းနဲ့ ကိုယ့်ကိုကိုယ် အမြင်ကပ်လာတယ်။ မုန့်ဟင်းခါးတစ်ခါ ချက်တိုင်း နောက်တစ်ခါ မချက်ဘူး စိတ်နာတယ် ဆိုပြီး ရသာတဏှာကို မဖြတ်နိုင်တော့လည်း ထပ်ထပ်ချက်မိနေတာပဲ။ လူလည်း ရုပ်မထွက်လောက်အောင် ချက်လည်းပြီးရော နှစ်နာရီလည်းထိုးရော ဈေးဝယ်ထွက်ဖို့ ချိန်းထားတဲ့ အကိုကို မလာနိုင်တော့ဘူးထင်တယ်လို့ ပြော၊ ဆေးကြောသိမ်းဆည်းလည်း ပြီးရော လူက စားချင်စိတ်တောင် မရှိတော့ဘူး။ ရေမြန်မြန်ချိုးပြီး အိပ်ယာပေါ်လည်းရောက်ရော မျက်လုံးတောင် သေချာမှိတ်မိရဲ့လား မသိဘူး။ အိပ်စက်အနားယူရာကနေလည်း နိုးထလာရော မျက်လုံးတစ်ဖက်က မပွင့်ဘူး ဖြစ်နေတယ်။ ခေါင်းက တခြမ်းကိုက် မျက်နှာက အညှော်တွေမိလို့ စကောလောက် ပြဲအစ်နေတာပဲ။ မှတ်ပြီလား။ မုန့်ဟင်းခါးမှပေးသော ဝေဒနာများ၊ မုန့်ဟင်းခါးကို စိတ်နာနာနဲ့ သုံးပွဲဆက်တိုက်စားလိုက်တယ်။ ဒါမှတန်တာလေ။ အိမ်မှာ တစ်နေ့နေတာလည်း ဟင်းချက်၊ ရေချိုး၊ အိပ်၊ ရေချိုး၊ စားသောက်၊ စာဖတ် ဟင်ဘာမှတောင် မလုပ်ရသေးဘူး။ ရှစ်နာရီက ထိုးသွားပြီတဲ့။ လုပ်ကြပါဦး။ ကယ်ကြပါဦး တနင်္လာနေ့ ပြန်ရောက်တော့မှာပေါ့။ Time Machine လိုချင်တယ်။ တနင်္ဂနွေနေ့မနက်ကို Back ပြန်ဆုတ်ချင်လို့။
eBook: NPhoto The Nikon Magazine March 2012
-
Preview Edition
*Download* : NPhoto The Nikon Magazine March 2012
CMS (MDY)
ဘာမှသိပ်မဟုတ်တဲ့အကြောင်းလေးတွေကိုပဲရေးသွားတာ ဖတ်လို့ကောင်းတယ်ဗျ။ ရယ်လည်းရယ်ရတယ်။ ဆက်ရေးပါ။ (ရယ်ရတယ်ဆိုတာ လှောင်တာမဟုတ်ဘူးနော်)
ReplyDelete