အဲပြီးတော့ အရမ်းပျော်နေတဲ့ နောက်အကြောင်းတစ်ခုက စက်ဘီးစီးတတ်သွားလို့ဗျ။ အသက်ကြီးမှ လက်ပေးသင်ဆိုသလို ဒီစင်ကာပူရောက်မှပဲ မသင်မဖြစ်တော့လို့ စက်ဘီးစီးပါသင်ရတာပဲ။ ရန်ကုန်မှာတုန်းကတော့ တင်နင်းမယ့်သူရှိဖို့ပဲလိုတယ်။ စီးတတ်ဖို့မလိုပါဘူးလို့ တွေးခဲ့တယ်။ ဒီလောက်လွယ်လွယ်တတ်မယ်တောင် မထင်ခဲ့ဘူး။ အရမ်းပျော်နေတယ်။ စီးတတ်ခါစဆိုတော့ တချိန်လုံး စီးချင်နေတယ်။ ပျော်နေတယ်။ တကိုယ်လုံးလည်း ညိုမည်းနေတာပဲ။ ချော်လဲတာလေ။ ရုံးသွားရုံးပြန် စက်ဘီးနဲ့သွားတယ်လေ။ ခုလမ်းလျှောက်မထွက်တော့ဘူး။ စက်ဘီးပဲစီးတော့မယ်။ ဟဲ ဟဲ ဟဲ။
Oliver and Charlie
-
[image: Oliver and Charlie]
[image: Oliver and Charlie]
[image: Charlie]
[image: Charlie]
အရင်တစ်ပတ်က အလုပ်ပိတ်တဲ့ရက် အိမ်မှာ ရွှေဘိုကြေးအိုး :P...
အိရေ ... စက်ဘီး စီးရင်း စီးရင်းနဲ့ ခြေသလုံးတွေ ကြီးလာအုံးမယ်နော် ... :P
ReplyDeleteနောက်တာပါ .. အိဆီ မရောက်တာကြာလို့ လာလည်သွားတယ်နော် ...